Healthy Life Ad
Life Style

ညစာက ဘာဟင်းလဲ အချစ်ရယ်

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

ကိုသူရိန်တစ်ယောက် ဇနီးဖြစ်သူ လဲ့ရည်ဟာ ခေါ်မကြား၊ အော်မကြား ဖြစ်နေတဲ့အတွက် နားအကြားကိရိယာ များ လိုအပ်နေပြီလားလို့ စိတ်ပူနေခဲ့ပါတယ်။လဲ့ရည်ကို ဘယ်ပုံဘယ်နည်း ကူညီပေးရမယ်ဆိုတာ မသိလို့ ဒီပြဿနာကို ဆွေးနွေးဖို့ မိသားစုဆရာဝန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လဲ့ရည်ရဲ့ အကြားအာရုံ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့ စိတ်ကူးတစ်ခုကို ဆရာဝန်က ကိုသူရိန်ကို ပေးခဲ့ပါတယ်။
“လုပ်ရမှာက ဒီလိုဗျ ..ခင်ဗျားဇနီးနဲ့ပေ၄၀အကွာမှာ မတ်မတ်ရပ်၊ပြီးရင်သူကြားလောက်တဲ့ ပုံမှန်လေသံနဲ့ စ ကားပြော၊အဲဒီလိုမှ သူမကြားရင် ပေ၃၀အကွာကိုသွား၊ ပုံမှန်လေသံအတိုင်းပြောပြီးရင် ပေ၂၀အကွာကနေ စ ကားပြော သူ့ဆီက တုံ့ပြန်မှုရတဲ့အထိ အဲဒီလိုတိုးတိုးပြီး ပြောသွားဗျာ ..”
ကိုသူရိန်လည်း ဆရာဝန်ရဲ့ စကားကို မှတ်ထားလိုက်တယ်။ အဲဒီနေ့ ညနေခင်း မှာပဲ လဲ့ရည်က မီးဖိုချောင် ထဲမှာ ညစာ ချက်ပြုတ်ပြင်ဆင်နေတယ်။ ကိုသူရိန်ကတော့ တခြားအခန်းထဲမှာ ရှိနေခဲ့တယ်။ဒီလောက်ဆိုရင် လဲ့ရည်နဲ့ ပေ ၄၀ အကွာပဲ၊ ငါ စကားပြောလိုက်ရင် သူဘယ်လို တုံ့ပြန်မလဲကြည့်ရအောင်

ကိုသူရိန် သူ့ဘာသာ ပြောပြီး ပုံမှန်လေသံနဲ့ –

“အချစ်ရေ . . ညစာက ဘာဟင်းလဲ”

ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။

အဲဒါနဲ့ ကိုသူရိန်တစ်ယောက် မီးဖိုချောင်နဲ့ ပိုနီးတဲ့ နေရာကို ရွှေ့သွားပြီး ပေ ၃၀ အကွာကနေ ပုံမှန်လေသံနဲ့ ပြောလိုက်ပြန်တယ်။

“အချစ်ရေ . . ညစာက ဘာဟင်းလဲ”

ဘာတုံ့ပြန်မှုမှ မရခဲ့ပြန်ဘူး။

နောက်တစ်ဖန် လဲ့ရည်နဲ့ ပေ ၂၀ အကွာမှာရှိတဲ့ ထမင်းစားခန်းထဲကို ရွှေ့သွားပြီးပြောပြန်တယ်။

“အချစ်ရေ . . ညစာက ဘာဟင်းလဲ”

အဲဒီအခါမှာလည်း လဲ့ရည်ဆီက ဘာတုံ့ပြန်မှုမှ မရခဲ့ပြန်ဘူး။ ဒါနဲ့ ၁၀ ပေ အကွာဝေးတဲ့ မီးဖိုချောင်တံခါးဝမှာ ရပ်ပြီး –

“အချစ်ရေ . . ညစာက ဘာဟင်းလဲ”

ဒီလောက်နီးတာတောင် ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။

ဒါနဲ့ လဲ့ရည်ရဲ့ နောက်မှာ တည့်တည့်ရပ်ပြီး “အချစ်ရေ . . ညစာက ဘာဟင်းလဲ”လို့ ကိုသူရိန်မေးလိုက်တော့တယ်။

“ဒီမှာ ကိုသူရိန် . .ဖြေရတာ ငါးခါတောင်ရှိနေပြီနော် . . ကြက်သားဟင်း၊ ရှင့် . . ကြက်သားဟင်း”

စာစုက ပေးချင်သော သင်ခန်းစာ
တစ်ခါတစ်ရံ တခြားလူရဲ့ ပြဿနာလို့ ထင်နေတဲ့အရာက ကိုယ့်ပြဿနာ ဖြစ်နေတတ်တာကို သတိရသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top