Healthy Life Ad
Local

ပေါင်ခြံတစ်ဝိုက် အဝတ်အစားကျပ်ကျပ်ဝတ်ခြင်းနှင့် ပွေးပေါက်ခြင်း သွယ်ဝိုက်၍ သက်ဆိုင်

ပေါင်ခြံတွင် ပွေးကဲ့သို့ မှိုစွဲရောဂါကင်းစေရန် ပတ်ဝန်းကျင်၊ ရာသီဥတု၊ နေထိုင်မှုပုံစံနှင့်သင့်လျော် သော အဝတ်အစားကို ဝတ်ဆင် သငေ့် ကြာင်း ၁၄-၈-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သူနာပြုတက္က သိုလ်ခန်းမ၌ ပြုလုပ်သော ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး၊ အရေပြားရောဂါအ ထူးကုဌာန၊ ပါမောက္ခဒေါက် တာ ခိုင်ခိုင်ဇော်၏ အရေပြားမှိုစွဲရောဂါအကြောင်း ဟောပြောဆွေးနွေးမှုမှသိရသည်။

“မြန်မာစာ ဆရာမတစ်ဦးက မြန်မာလူမျိုးဟာ ပေါင်နှစ်လုံးကြား လေတိုးရင်အင်မတန်နေလို့ ကောင်းတယ်”လို့  ငယ်ငယ်က ပြောဖူး တ ယ်။ ပေါင်နှစ်လုံးကြားလေတိုးတဲ့ အဝတ်အစားဆိုတာ ပုဆိုး၊ လုံချည် စတာတွေပဲ . . ဒါတွေ ဝတ်ရင် ကျန်းမာရေးကောင်းတယ်လို့ပြော တယ်။ ငယ်ငယ်တုန်းက အဲဒီစကားကို ရယ်ခဲ့ပေမယ့် အခုအချိန်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် မှန်နေတုန်းပါပဲ။ ကျွန်မတို့တိုင်းပြည်မှာ အဲဒီလို လုံချည်၊ ပုဆိုးဝတ်တဲ့ ကလေးတွေ နည်းသွားပါပြီ။

အခုနောက်ပိုင်းမှာ ဆယ်ကျော်သက်အရွယ်လေးတွေက ကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးလာတော့ စတော့ကင်ဝတ်တယ်၊ ဂျင်းဘောင်းဘီ အကျပ်တွေ ဝတ်တယ်၊ စတော့ကင်ဘောင်းဘီနဲ့ ဂျင်းဘောင်းဘီအကျပ်က အေးတဲ့ ရာသီဥတုအတွက် အဆင်ပြေပေမယ့်ပူတဲ့ ရာသီဥတု နဲ့တော့ ကိုက်ညီမှုမရှိပါဘူး။  ပေါင်ကျပ်ကျပ်ဝတ်တော့ ဒီဆယ်ကျော်သက်လေးတွေမှာပွေးတွေ၊ ယားနာတွေအဖြစ်များတာကိုတွေ့ရပါ တယ်။

ကျွန်မတို့ငယ်ငယ်တုန်းက မိန်းကလေးတွေ ပေါင်ကြားပွေးပေါက်တာ အတော်လေးကို ရှားပေမယ့် အခုနောက်ပိုင်းမှာ ဒီအရွယ်လေးေ တွ ပွေးပေါက်နှုန်းများတာ တွေ့လာရတယ်။ ဒါက နေထိုင်ဝတ်စားမှုစရိုက် ပြောင်းသွားလို့ပါ။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ရာသီဥတု ၊ နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေရှိတဲ့ အဝတ်အစားကို ပြောင်းဝတ်လိုက်ပေးဖို့ လိုပါတယ်။ အဝတ်အစားကျပ်ကျပ်ဝတ်တာက ပွေးပေါ က်တာနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် သွယ်ဝိုက်ပြီး သက်ဆိုင်နေတဲ့အတွက် ပြန်စဉ်းစားစရာတော့ ဖြစ်နေပါပြီ”ဟု ပါမောက္ခဒေါ်ခိုင်ခိုင်   ဇော်က ဆိုသည်။

အရေပြားမှိုစွဲခြင်းသည် ခေါင်းမှ ခြေထောက်အထိ ဖြစ်နိုင်သော်လည်း စိုထိုင်းမှုများသော ပေါင်ခြံ၊ ချိုင်း(ဂျိုင်း)ကြားတို့တွင် ဖြစ်နှုန်းများေ ကြာင်း သိရသည်။”ဆယ်ကျော်သက်မိန်းကလေးတွေ ပွေးပေါက်လာပြီဆိုရင် တွေ့တဲ့ဆေးတွေကို အကုန်လိမ်းလိုက်တယ်၊ အဲဒီအ ခါ ဆေးတွေက ပြင်းလွန်းအားကြီးလို့ အရေပြားက ရိကုန်တယ်၊ ပေါင်ကြား၊ ခြေသလုံးတို့မှာ အကြောပြတ်ရာ အကြောင်းတွေ ထင်ကုန် တယ်၊ ဖြစ်ပြီးမှပြန်ပြုပြင်လို့မရတဲ့အတွက် ဆေးတွေကိုအရမ်းမလိမ်းစေချင်ပါဘူး”ဟု ပါမောက္ခဒေါ် ခိုင်ခိုင်ဇော်က ပြောသည်။

မှိုကြောင့်ဖြစ်သော အရေပြားရောဂါဆိုလျှင် စတီးရွိုက်ပါသည့် ဆေးလိမ်းခြင်းနှင့်ဘက်တီးရီးယားသေဆေးလိမ်းခြင်းတို့ကိုရှောင်ကြဉ် သင့်ပြီး မှိုသတ်ဆေးတစ်မျိုးတည်းကိုသာ ရွေးချယ်ဝယ်ယူလိမ်းကြစေလိုကြောင်း ပါမောက္ခဒေါ်ခိုင်ခိုင်ဇော်က သတိပေးပြောကြားထား သည်။

Most Popular

Healthy Life Ad
To Top