ကိုမိုး
ဒီနေ့ခေတ်မှာ ကျွန်တော်တို့တစ်တွေဟာ ကွန်ပျူတာရှေ့မှာ အချိန်တွေ အများကြီးကုန်ဆုံးနေရပါတယ်။ အလုပ်လုပ်ရာမှာလည်း အင်တာနက်ချိတ်ထားတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရသူများလာတာကြောင့် ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ယက်ကို စွဲနေပြီလားဆိုတဲ့ မေးခွန်းကို သင့်ကိုယ်သင်ပြန်မေးကြည့်ဖို့ လိုအပ်နေပါပြီ။ သင်ဖေ့စ်ဘွတ်ခ်စွဲနေ ပြီလားဆိုတာကို အဖြေရှာနိုင်ဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်လိုက်ပါ။
၁။ သင်မှန်းထားတဲ့ အချိန်ထက်ပိုပြီး အချိန်ကြာကြာ ဖေ့စ်ဘွတ်ခ်မှာ ရှိနေပါသလား။
၂။ ဖေ့စ်ဘွတ်ခ်အတွက် အချိန်ပိုဖြုန်းနိုင်ဖို့ အိမ်အလုပ်တွေကို လျစ်လျူရှုမိနေပြီလား။
၃။ သင့်ချစ်သူနဲ့ ဖေ့စ်ဘွတ်ခ်မှာတွေ့ရတာက သင့်ကိုပိုပြီး ရင်ဖိုစိတ်လှုပ်ရှားရစေတယ်လို့ ထင်နေသလား။
၄။ သင်က ဖေ့စ်ဘွတ်ခ်အတွက် အချိန်ပေးလွန်းတယ်လို့ သင့်ပတ်ဝန်းကျင်က လူတွေက ပြောနေကြပြီလား။
၅။ သင်က အချိန်တိုင်းလိုလို ဖေ့စ်ဘွတ်ခ်သုံးနေတာကြောင့် သင့်အလုပ် ဒါမှမဟုတ် ကျောင်းတွင်းအဆင့်တွေကို ထိခိုက်နေပြီလား။
၆။ သင်က လုပ်လက်စ အလုပ်မပြီးသေးခင်မှာပဲ ဖေ့စ်ဘွတ်ခ်သုံးတာကို အမြဲလုပ်မိနေသလား။
၇။ သင်ဖေ့စ်ဘွတ်ခ်သုံးလွန်းလို့ အလုပ်ထဲမှာ တိုးတက်မှု နှောင့်နှေးနေပြီလား။
၈။ ဖေ့စ်ဘွတ်ခ်မရှိရင် ဘဝက ပျင်းစရာကောင်းပြီး မတွေးဝံ့စရာပဲလို့များ ခံစားနေရပါသလား။
၉။ သင်ရဲ့ ဖေ့စ်ဘွတ်ခ်အတွက် ပေးတဲ့အချိန်နဲ့ ပတ်သက်ပြီး လူတွေ(အထူးသဖြင့် သင့်ချစ်သူ/ ဘဝ အဖော်)က စိတ်ဆိုးဖူးသလား။
၁၀။ ညဉ့်နက်တဲ့အထိ ဖေ့စ်ဘွတ်ခ်သုံးလွန်းလို့ အိပ်ရေးပျက်နေသလား။
၁၁။ ဖေ့စ်ဘွတ်ခ်သုံးတဲ့အချိန်ကို လျှော့ချဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲဖြစ်နေသလား။
၁၂။ မိတ်ဆွေသူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ဖြုန်းဖို့ထက် ဖေ့စ်ဘွတ်ခ်သုံးရင်း အချိန်ဖြုန်းဖို့ပဲ စဉ်းစားနေသလား။
အထက်က မေးခွန်းတွေကို ဖြေကြည့်လို့ မေးခွန်းအများစုက သင်နဲ့ကိုက်ညီနေတယ်ဆိုရင် သင်ရဲ့ ဖေ့စ်ဘွတ်ခ်သုံးချိန်ကို လျှော့ချဖို့လိုနေပါပြီ။