၊ လရိပ်မေ ၊
ကလေးမွေးလာတာနဲ့ မိခင်ဆီက နို့ဦးရည်ကို စောနိုင်သမျှ အစောဆုံး တိုက်ကျွေးဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။ နို့ဦးရည်မှာ ရောဂါကာကွယ်နိုင်တဲ့ဓာတ်တွေ အပြည့်အဝ ပါဝင်တာကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေလို့ပါ။ ဒါ့အပြင် ကလေး အသက်ခြောက်လအရွယ်အထိ မိခင်နို့ချိုတစ်မျိုးတည်း တိုက်ကျွေးဖို့လည်း အရေးကြီးပါတယ်။
မိခင်နို့ချိုစို့ရသည့်အတွက် ရင်သွေးရရှိမည့် ကောင်းကျိုးများ
– မိခင်နို့ချိုစို့ရတဲ့ကလေးတွေဟာ အာဟာရဓာတ် ပြီးပြည့်စုံတဲ့ အစာကို ရရှိစေပါတယ်။
– ကလေးတွေရဲ့ ကိုယ်ခံအားစနစ် သန်စွမ်းစေပါတယ်။
– ကူးစက်ပိုးတွေနဲ့ ရောဂါဝေဒနာ ထိတွေ့မှုကို လျော့ကျစေပါတယ်။
– ဘေးအန္တရာယ်မရှိဘဲ ရေဓာတ်ပြည့်ဝစေပါတယ်။
မိခင်နို့ချိုတိုက်ရသည့်အတွက် မိခင်ရရှိမည့် ကောင်းကျိုးများ
– ကလေးမွေးပြီးနောက် အလွန်အမင်း သွေးဆုံးရှုံးမှု အန္တရာယ်ကို လျော့ပါးစေပါတယ်။
– နောက်ထပ် ကိုယ်ဝန်မရအောင် တားဆီးတဲ့ သဘာဝနည်းလမ်း ဖြစ်ပါတယ်။
– မိခင်နို့ချို တိုက်ကျွေးတာက သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
– မိခင်နို့ချို တိုက်ကျွေးတာကြောင့် အရိုးပါးရောဂါကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
(Ref;HD)