———၊ လရိပ်မေ ၊———
ရေမွှေးဆွတ်သင့်တဲ့ အကောင်းဆုံးနေရာက ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း အပူထွက်တဲ့ နေရာတွေ ဖြစ်ပါတယ်။
အမျိုးသားဆိုရင်
• မေးရိုးအောက်
• လည်ပင်း
• ပခုံး
• ရင်အုပ်နေရာ
• လက်တံတောင်အတွင်းဘက်
• လက်ဖျံ
• လက်ကောက်ဝတ်
အမျိုးသမီးဆိုရင်
• နားရွက်နောက်
• လည်ပင်း
• ပခုံး
• ရင်ဘတ်
• လက်တံတောင်အတွင်းဘက်
• လက်ကောက်ဝတ်
• ဒူးဆစ်အတွင်းနေရာ
• ခြေထောက်
• ခြေကျင်းဝတ်
ရေမွှေးဆွတ်ဖို့ အကောင်းဆုံးနေရာတွေက အမျိုးသားမှာဆိုရင် မေးရိုးအောက်၊ လည်ပင်းနဲ့ ပခုံးတို့ဖြစ်ပြီး အမျိုးသမီးမှာဆိုရင် နားရွက်နောက်၊ လည်ပင်းနဲ့ ရင်ဘတ်တွေဖြစ်ပါတယ်။