———၊ လရိပ်မေ ၊———
အဆင့်(၁)
သန့်စင်ထားတဲ့ နှုတ်ခမ်းသား လိုင်းတလျှောက်ကို သဘာဝအရောင်ပါတဲ့ နှုတ်ခမ်းဆိုးတံ(Lip liner)နဲ့ ခြယ်လိုက်ပါ။
အဆင့် (၂)
နှုတ်ခမ်းအပြည့်ကို မက်မွန်သီးရောင်နှုတ်ခမ်းနီ ဆိုးလိုက်ပါ။
အဆင့် (၃)
နှုတ်ခမ်းသားအလယ်ကို နီညိုရောင်နှုတ်ခမ်းနီလေး ထပ်ဆိုးပေးပါ။
အဆင့် (၄)
နှုတ်ခမ်းနီဆိုးထားတဲ့ အပိုင်းနဲ့ သဘာဝအရောင်ခြယ်ထားတဲ့ အပိုင်းကို စုပ်တံလေးနဲ့ မသိသာအောင် ခြယ်ပေးပါ။
နောက်ဆုံးမှာတော့ သဘာဝကျကျ စိုပြည်လှပနေတဲ့ ပန်းနုရောင်နှုတ်ခမ်းသားကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။