မြင်းခွာရွက်မှာ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်ပြီး သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
(၁) မြင်းခွာရွက်စားပေးတာက အမြင်အာရုံကောင်းစေပြီး မျက်စိကျိန်းစပ်တာ၊ မျက်စိနဲ့ဆက်စပ်တဲ့ ပြဿနာတွေကနေ အမြန်ဆုံး သက်သာစေပါတယ်။
(၂) သွေးတွင်းဟေမိုဂလိုဘင်အဆင့် မြင့်တက်စေပြီး သွေးအားနည်းတာကို သက်သာစေပါတယ်။
(၃) သွေးသန့်စင်စေပြီး ဖျားတာ၊ နုံးတာနဲ့ ဝက်ခြံပေါက်တာတွေ သက်သာစေပါတယ်။
(၄) ဦးနှောက်အာရုံကြောတွေကို အားကောင်းစေပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။
(၅) သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တဲ့အတွက် ဆီးချိုရောဂါရှင်တွေအတွက် သင့်တော်ပါတယ်။
(၆) အအေးမိချောင်းဆိုးဝေဒနာကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။
(၇) ရောင်ရမ်းမှုလျော့ကျပြီး အဆစ်နာကျင်မှု သက်သာစေပါတယ်။
မြင်းခွာရွက်ကို တို့စားစား၊ သုပ်စားစား၊ ဖျော်ရည်ဖျော်သောက်သောက် . . ရေစင်စင်ဆေးပေးပါ၊ အသင့်အတင့်ပဲစားပါ။