မေး. ကိုယ်ဝန်ဆောင်မှာ ရေကျောက်ပေါက်ရင်ကော မွေးလာတဲ့ကလေးမှာ ကူးနိုင်လား။ မကူးအောင် ဘာလုပ်သင့်လဲရှင်။
Myo Myo (FB)
ဒေါက်တာငြိမ်းအေးဝင့် (ကလေးအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. ကိုယ်ဝန်ဆောင်ချိန်ရေကျောက်ပေါက်ရင် သန္ဓေသားကိုမကူးအောင်မတတ်နိုင်သေးပါ။ ကိုယ်ဝန်ဆောင်မိခင်ထံ မကူးနိုင်အောင်သာ သတိထားရပါမယ်။ VZIG ဆိုတဲ့ဆေးကို ကလေးမွေးမွေးချင်း ထိုးပေးရပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာမရှိပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)