အရက်ကို အလွန်အမင်းသောက်တာက အသည်း၊ အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့လေ့လာမှုတွေအရ အရက်သောက်တာဟာ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုပြွန်နဲ့ ရင်သားကင်ဆာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။
ကင်ဆာကာကွယ်နိုင်ဖို့ ရေများများ သောက်ပါ။ ရေက ရေငတ်ပြေစေရုံ၊ ရေဓာတ် ပြည့်ဝစေရုံသာမကဘဲ ဆီးအိမ်ကင်ဆာကိုပါ ကာကွယ်နိုင်လို့ ဖြစ်ပါတယ်။