၊ ငွေကြယ်စင်ယံ ၊
(၁) မျက်ခွံတွေပေါ်မှာ အေးခဲနေတဲ့ သခွားသီးစိတ်ကို အချိန် ၁၀-၁၅ မိနစ်ခန့် ကပ်ပေးပါ။
(၂) ရေခဲသေတ္တာထဲမှာ စတီးဇွန်း နှစ်ချောင်းထည့်ထားပြီး အေးတဲ့အခါ မျက်ခွံတွေပေါ် ကပ်ပေးပါ။
(၃) အေးစက်နေတဲ့ အာလူးပါးတွေကို မျက်ဝန်းတွေပေါ်အချိန် ၁၀-၁၅ မိနစ်ခန့် ကပ်ပေးပါ။
(၄) ညအိပ်ရာမဝင်ခင် ဗာဒံစေ့ဆီ အစက်အနည်းငယ်ကို ညိုနေတဲ့ မျက်ကွင်းတွေပေါ် သုတ်လိမ်းပေးပါ။ နောက်တစ်နေ့ မနက်မှာ ရေအေးနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
(၅) ပူစီနံရွက်ကို ကြိတ်ချေပြီး မျက်ကွင်းတစ်ဝိုက် သုတ်လိမ်းပေးပါ။ အချိန် ၅- ၁၀ မိနစ်ကြာမှ စိုစွတ်သန့်ရှင်းတဲ့ ပိတ်စနဲ့ ဖယ်ရှားပေးရမှာပါ။ မျက်ကွင်းညိုတာကို လျော့ပါး သက်သာစေပါတယ်။
(၆) အသုံးပြုပြီးသား လက်ဖက်အိတ်ကို ရေခဲသေတ္တာထဲမှာ အေးနေအောင် ထားပါ။ ပြီးမှ မျက်ဝန်းတွေပေါ် အချိန် ၁၀- ၁၅ မိနစ်လောက် ကပ်ထားလိုက်ပါ။
(၇) သန့်ရှင်းတဲ့ ပုဝါစတစ်ခုထဲ ဟင်းသီးဟင်းရွက်တွေထည့်ပြီး အေးခဲအောင် လုပ်ပါ။ ပြီးရင် မျက်ဝန်းတွေပေါ် အဲဒီပုဝါကို အုပ်ထားကာ ၁၀-၁၅ မိနစ်လောက် ထားပေးရမှာ ဖြစ်ပါတယ်။
(၈) မျက်ဝန်း တစ်ဝိုက်အပါအဝင် သင့်တစ်ကိုယ်လုံး ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးရမှာ ဖြစ်ပါတယ်။
(၉) ညညအိပ်ရေးဝ၀ အိပ်စက်အနားယူပါ။
(၁၀) အာဟာရ ပြည့်ပြည့်ဝ၀ စားသောက်ပေးသင့်ပါတယ်။
(Ref;HD)