သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်း အဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာ၊ အဝလွန်ရောဂါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ဒီရောဂါတွေကို ကူးစက်ခြင်းကြောင့်မဟုတ်သော ရောဂါများလို့ ခေါ်ပါတယ်။ ဒါတွေက ၂၁ရာစုမှာ အဖြစ်များနေပါတယ်။ ဒီရောဂါတွေ အားလုံးရဲ့ဖြစ်နှုန်းလျော့ ကျစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင် စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။
– အဆီအအိမ့်၊ အချို၊ အငန်ပါတဲ့ အစားအaသာက်တွေကို လျှော့စားပါ။
– ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်လုပ်ဆောင်ပါ။
– ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး ငုံတာနဲ့ အရက်ကိုအန္တရာယ်ရှိလောက်တဲ့ ပမာဏ သောက်တာတို့ကိုရှောင်ကြဉ်ပါ။ ကွမ်းမစားပါနဲ့။
– စိတ်ဖိစီးမှု လျှော့ပါ။
– တစ်နေ့ နာရီဝက်နဲ့တစ်ပတ်မှာ ငါးရက်လေ့ကျင့်ခန်းလုပ်ပါ။
– ဟင်းသီးဟင်းရွက်များများစားပါ။ သစ်သီးဝလံများများ စားပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)