သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ လိမ္မော်သီး၊ မာလကာသီးတွေစားတာကြောင့် ဗီတာမင် စီရရှိစေပါတယ်။ အဲဒီဗီတာမင်စီဟာ အသားအရေကို ကောင်းကျိုးဖြစ်စေပါတယ်။ – ဗီတာမင်စီက အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး တင်းရင်းစေပါတယ်။ – ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို လျော့ကျစေပါတယ်။ – ဗီတာမင်စီက အရေပြားတင်းရင်းစေတဲ့...
လရိပ်မေ အသက်ကြီးလာတဲ့အခါ လေထုညစ်ညမ်းမှု၊ နေဒဏ်နဲ့ တစ်နေ့တာ စိတ်ဖိစီးမှု စတာတွေကြောင့် အသားအရေ ထိခိုက်မှု ဖြစ်တတ်ပါတယ်၊ အသား အရေ အိုမင်းစေနိုင်ပါတယ်။ အသားအရေ အိုမင်းမှု မဖြစ်စေဖို့ ညဘက်မှာ သင့်တော်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုကို ပြုလုပ်ပေးရပါမယ်။ (၁)...
မီမိုး(ဆေးဝါးတက္ကသိုလ်) ကိုယ်ဝန်ဆောင်ဘဝမှာ ခန္ဓာကိုယ် ပြောင်းလဲမှု တွေနဲ့အတူ အရေပြား အပြောင်းအလဲတွေလည်း ဖြစ်တတ်ပါတယ်။ – အဖုအပိမ့်ထွက်ခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခါတစ်ရံ ဝမ်းဗိုက်၊ တင်ပါး၊ ပေါင်နဲ့ လက်မောင်းတွေမှာ အနီဖုတွေ ထွက်လာတတ်ပါတယ်။ အဲဒါက ဝက်ခြံအဆံဖုနဲ့ လည်း တူပြီး...
၊ စူး (ဆေးဝါးတက္ကသိုလ်) ၊ အရေပြားယားယံတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အင်းဆက်ကိုက်တာအပြင် ဓာတ်မတည့်မှုကို တုံ့ပြန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (၁) ပင်စိမ်းရွက် ပင်စိမ်းရွက်ကို ရေနွေးထဲထည့်စိမ်ပြီး အရေပြားပေါ် လိမ်းပေးပါ။ ပင်စိမ်းရွက်မှာပါဝင်တဲ့ ယူဂျီနောဓာတ်က အရေပြားကိုထုံစေတဲ့ အစွမ်းရှိပါတယ်။ ဆူပွက်နေတဲ့...
ငွေကြယ်စင်ယံ ပြုံးတာက သင့်ကို နုပျိုသွားစေတာ အမှန်ပါ။ ဒါပေမဲ့ အသက်လေး နည်းနည်းရလာတာနဲ့ ပြုံးရယ်လိုက်ပြီဆိုရင် ကျီးကန်းခြေထောက်လို့ ခေါ်တဲ့ မျက် ဝန်းထောင့်အရေးကြောင်းက ထင်လာတတ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်လာဂျင်နဲ့ အီလက်စတင်ဆိုတဲ့ အ ရေပြားတည်ဆောက်မှုဆိုင်ရာ...
– ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်း၊ – သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ – ရေ ထမင်းစားဇွန်း တစ်ဇွန်းဝက်၊ – ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း။ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး ချောမွေ့စေးကပ်သွားတဲ့ အထိမွှေပါ။ ပြီးရင် မျက်နှာသစ်ထားတဲ့...
၊ လရိပ်မေ ၊ အေးမြတဲ့ ရာသီဥတုဟာ အစိုပြည်ဆုံး အသားအရေကိုတောင် အလွန်ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းရာသီမှာ အသားပပ်တာ၊ အသားခြောက်တာနဲ့ အသားအရေ ထိခိုက်တာတို့ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ထားရပါမယ်။ (၁) SPE ပါသည့် အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ ဆောင်းတွင်းမှာ နေရောင်ခြည်ရဲ့...
ဒေါက်တာမြတ်စန္ဒာကျော် (ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း Q. လက်မှာယားနာဖြစ်တဲ့အခါ ဘာတွေကို ဆင်ခြင်ရမလဲ ဆရာမ။ A. လက်မှာ ယားနာဖြစ်တဲ့အခါ ဆပ်ပြာနဲ့ရေကို လျှော့ကိုင်ရပါမယ်။ ဆပ်ပြာနဲ့ ရေက အရေပြားရဲ့ ခံနိုင်ရည်ကို ကျဆင်းစေပါတယ်။ အရေပြားထိခိုက်လွန်းတာ၊...
၊ ငွေကြယ်စင်ယံ ၊ အမျိုးသမီး အများစုဟာ ပင်ကို အသားအရေထက် ပိုပြီး ဝင်းပကြည်လင်ဖို့ရာ အတွက် အလှကုန် အမျိုးမျိုးကို စမ်းသပ်သုံးစွဲလေ့ ရှိကြပါတယ်။ အခုခေတ်မှာ အလှကုန်မိတ်ကပ် အမျိုးမျိုးရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားကို ရွေးသုံးရင်း အသားအရေ ဖြူစင်ကျန်းမာဖို့ရာ...
ဒေါက်တာမြတ်စန္ဒာကျော် ပါမောက္ခ၊အရေပြားအထူးကု ဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး။ Q. ကျွန်မပါးစပ်တစ်ဝိုက်မှာ အရည်ကြည်ဖုလေးတွေ ခဏခဏပေါက်တတ်ပါတယ်။ ပေါက်လိုက်၊ ပျောက်လိုက်၊ ပြန်ပေါက်လိုက်နဲ့ စိတ်ညစ်လွန်းလို့ နီးစပ်ရာ ဆရာဝန်နဲ့ပြကြည့်တော့ အအေးနာလို့ သိရပါတယ်။ အအေးနာဆိုတာ ဘာကိုခေါ်ပါသလဲရှင့်။ နီနီခင်၊ကျောက်ပန်းတောင်း။ A. အအေးနာဆိုတာ နှုတ်ခမ်းနဲ...