Healthy Life Ad
Health Tips

ဖြူစင်ဝင်းပသည့် အသားအရေ ပိုင်ဆိုင်လိုသူတို့အတွက် သဘာဝအစာများ

၊ ငွေကြယ်စင်ယံ ၊

အမျိုးသမီး အများစုဟာ ပင်ကို အသားအရေထက် ပိုပြီး ဝင်းပကြည်လင်ဖို့ရာ အတွက် အလှကုန် အမျိုးမျိုးကို စမ်းသပ်သုံးစွဲလေ့ ရှိကြပါတယ်။ အခုခေတ်မှာ အလှကုန်မိတ်ကပ် အမျိုးမျိုးရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်တဲ့ အမျိုးအစားကို ရွေးသုံးရင်း အသားအရေ
ဖြူစင်ကျန်းမာဖို့ရာ အတွက် ကိုယ်တွင်းကနေ အားဖြည့်စားသုံးနိုင်တဲ့ သဘာဝအစာတွေကိုလည်း မှီဝဲဖို့ အကြံပြုပါရစေ။

phu2
– သင်္ဘောသီး
ဗီတာမင်အေ၊ စီနဲ့ အီးတို့ပါဝင်တဲ့ သင်္ဘောသီးကို စားရင် အသားအရေကို နုပျိုကြည်လင် ဝင်းပ စေပါတယ်။ သင်္ဘောသီး စားတာကြောင့် အသားအရေပေါ်က အပြစ်အနာအဆာတွေကို ကင်းစင်စေပြီး အသားအရောင် မညီတာကိုလည်း ဖယ်ရှားပေးပါတယ်။

A8
– ကီဝီသီး
အသားအရေ အကျိုးပြု ဗီတာမင်စီ အကောင်းဆုံး ပါဝင်တဲ့ အစာထဲမှာ ကီဝီသီးလည်း ပါဝင်နေပါတယ်။ သင်္ဘောသီးလိုပဲ ကီဝီသီးကို ပုံမှန်စားတာ၊ အသားအရေပေါ် လိမ်းပေးတာတို့ လုပ်ရင် အသားအရေကို ကျန်းမာဖြူစင် ဝင်းပစေပါတယ်။

phu5
– စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ အများအပြား ပါဝင်တဲ့အတွက် အသားအရေ နုပျိုကြည်လင်စေတာ ဖြစ်ပါတယ်။

phu4
– ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ဒါမှမဟုတ် ခရမ်းချဉ်သီးဖျော်ရည်ကို ပုံမှန်စားသောက် ပေးတာကြောင့် ဗီတာမင်စီနဲ့ လိုင်ကိုပင်းဓာတ်လို အင်တီအောက်ဆီးဒင့်တွေ အလုံအလောက် ရရှိစေပါတယ်။

phu6
– ဥနီ (Beetroot)
ဥနီဖျော်ရည်ကို နေ့စဉ်မှန်မှန် သောက်ပေးတာကြောင့် ခန္ဓာကိုယ်ကို သံဓာတ်ရရှိစေပြီး သွေးနီဥ ထုတ်လုပ်မှု ကောင်းကာ ပါးပြင်ကို
နှင်းဆီနီရောင် သမ်းစေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း သိသိသာသာ ကျန်းမာကြည်လင် စေပါတယ်။ မျက်နှာအသားအရေပေါ် ဥနီဖျော်ရည် လိမ်းပေးရင်လည်း သင့်တော်ပါတယ်။

carrot
– မုန်လာဥနီ (Carrot)
မုန်လာဥနီကို ဖျော်ရည်အနေနဲ့ ဖြစ်ဖြစ်၊ သုပ်စားတာပဲ ဖြစ်ဖြစ် သုံးဆောင်ရင် ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းဓာတ် ရရှိပြီး အသားအရေ ကျန်းမာဖြူစင် ဝင်းပစေပါတယ်။

phu1
– အနီရောင်နှင့် အဝါရောင် ငရုတ်ပွသီးများ
အနီရောင်နဲ့ အဝါရောင် ငရုတ်ပွသီးတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အသားအရေကို နုပျိုကြည်လင် တောက်ပ
စေပါတယ်။

phu7
– လက်ဖက်စိမ်း လက်ဖက်ရည်
လက်ဖက်စိမ်း လက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အသားအရေကို ဖရီးရယ်ဒီကယ်နဲ့ ခရမ်းလွန်ရာင်ခြည်ဒဏ်
ကြောင့် ထိခိုက်မှုမှ ကာကွယ်နိုင်ပါတယ်။ အသားအရေရှိ အညစ်အကြေးတွေကို ကင်းစင်စေပြီး အသားအရေ ကြည်လင်တောက်ပ
စေပါတယ်။

phu9
– ပဲပိစပ်နှင့် ပဲပိစပ် ထုတ်ကုန်များ
တိုဟူး၊ ပဲနို့နဲ့ တခြား ပဲပိစပ်ထုတ်ကုန်တွေမှာ ဗီတာမင်စီ၊ ဇင့်(သွပ်)ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်တင်းရင်း စေပါတယ်။

14
– ငါး
ဆယ်လ်မွန်ငါး၊ တူနာငါး စတဲ့ ငါးတွေမှာ အိုမီ ဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် အသားအရေကို ကျန်းမာစိုပြည် စေပါတယ်။ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် တစ်သျှူးတွေကို ပြန်လည် ပြုပြင်ပေးပြီး တစ်သျှူးအသစ်တွေကို တည်ဆောက် ပေးပါတယ်။

phu3
– ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်အီးနဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေ ကြည်လင်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်
တွေကို တွန်းလှန်နိုင်ပါတယ်။

phu8
– အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားနိုင်ပြီး အသားအရေကို ကျန်းမာကြည်လင် တောက်ပစေပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ပုံမှန် စားပေးတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top