Healthy Life Ad
Health Tips

ယားယံခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

အရေပြားယားယံတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အင်းဆက်ကိုက်တာအပြင် ဓာတ်မတည့်မှုကို တုံ့ပြန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

H1
(၁) ပင်စိမ်းရွက်
ပင်စိမ်းရွက်ကို ရေနွေးထဲထည့်စိမ်ပြီး အရေပြားပေါ် လိမ်းပေးပါ။ ပင်စိမ်းရွက်မှာပါဝင်တဲ့ ယူဂျီနောဓာတ်က အရေပြားကိုထုံစေတဲ့ အစွမ်းရှိပါတယ်။ ဆူပွက်နေတဲ့ ရေအနည်းငယ်ထဲ ပင်စိမ်းရွက်ခြောက်စိမ်ကာ အပေါ်ကအုပ်ထားပြီး အအေးခံလိုက်ပါ။ ပြီးရင် ယားယံနေတဲ့အရေပြားပေါ် ပင်စိမ်းရည်ထဲ ပိတ်စတစ်စနှစ်ပြီး သုတ်လိမ်းပါ။

H2
(၂) ပူစီနံ
ယားယံနေတဲ့အရေပြားနဲ့ အင်ပျဉ်ထနေတဲ့ အဖုအပိမ့်တွေအတွက် ပူစီနံရွက်သုံးတာကြောင့် ရောင်ရမ်းမှု လျော့ကျစေပါတယ်။ ပူစီနံရွက်ကို ကြိတ်ချေပြီးလိမ်းပေးရင် ရို့စ်မာရီနစ်အက်ဆစ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို သက်သာစေပါတယ်။

H1kkk
(၃) စမုံစပါး
စမုံစပါးမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့အတွက် ယားယံတဲ့ဝေဒနာကို ထုံသွားစေပါတယ်။ ဒါ့အပြင် အရေပြားကို ကုတ်ခြစ်လိုက်တာကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

H1kk
(၄) သံပရာရည်
သံပရာရည်မှာ ပါဝင်တဲ့ပစ္စည်းတွေက အရေပြားထုံစေပြီး ရောင်ရမ်းမှု လျော့ပါးစေပါတယ်။ သံပရာရည်ကို ယားယံတဲ့အရေပြားပေါ် သုတ်လိမ်းပေးပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါ။

H3
(၅) ဆော်ဒါမှုန့်
ရေချိုးကန်ထဲ ဆော်ဒါမှုန့်စိမ်ပြီး ရေစိမ်ချိုးပါ။ ဆော်ဒါမှုန့်ထည့်ထားတဲ့အရည်ကို အရေပြားပေါ် သုတ်လိမ်းပေးရင်လည်း ယားယံပြီးထိခိုက်နေတဲ့ အရေပြားကို သက်သာစေပါတယ်။

H1k
(၆) ရှားစောင်းလက်ပပ်
မီးလောင်ဒဏ်ရာတွေကို ကုသနိုင်စွမ်းရှိတဲ့အပြင် ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ ပစ္စည်းတွေက ရောင်ရမ်းမှုနဲ့ ယားယံမှုကို သက်သာစေပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားကိုယူပြီး ယားယံနေတဲ့အရေပြားပေါ် ပွတ်လိမ်းလိုက်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top