Healthy Life Ad
Health Tips

ပြုံးရယ်လိုက်တိုင်း မျက်ဝန်းထောင့်မှာ အရေးကြောင်းထင်လို့ စိတ်ညစ်နေသလား

ငွေကြယ်စင်ယံ

ပြုံးတာက သင့်ကို နုပျိုသွားစေတာ အမှန်ပါ။ ဒါပေမဲ့ အသက်လေး နည်းနည်းရလာတာနဲ့ ပြုံးရယ်လိုက်ပြီဆိုရင် ကျီးကန်းခြေထောက်လို့ ခေါ်တဲ့ မျက် ဝန်းထောင့်အရေးကြောင်းက ထင်လာတတ်ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်လာဂျင်နဲ့ အီလက်စတင်ဆိုတဲ့ အ ရေပြားတည်ဆောက်မှုဆိုင်ရာ ပရိုတင်း ထုတ်လုပ်မှု လျော့လာပါတယ်။ ဒါကြောင့် မျက်နှာမှာ အရေးကြောင်းထင်ရတာပါ။ တကယ်လို့ ဆေးလိပ်သောက်မယ်၊ အရက်အလွန်အမင်း သောက်မယ်၊ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အရေးကြောင်းတွေ ပိုထင်တတ်ပါတယ်။

ကံကောင်းတာက ကျီးကန်းခြေထောက် လျော့ပါးစေမယ့် ကုထုံးတွေ ရှိနေတာပါပဲ။ အဲဒီအထဲက အလွယ်တကူ လုပ်ဆောင်နိုင်မယ့် အိမ်တွင်းနည်း တွေကို မျှဝေလိုက်ပါတယ်။

၁။ နေ့စဉ် အရည်များများ သောက်ပါ
ရေနဲ့တခြားဖျော်ရည်တွေ များများသောက်တာကြောင့် အရေပြားရေဓာတ်ပြည့်ဝပြီး မျက်ဝန်း ထောင့်က အရေးကြောင်းတွေကို လျော့ပါးသက်သာစေပါ တယ်။ သစ်သီးဖျော်ရည်၊ ဆေး ဖက်ဝင် လက်ဖက်ရည်နဲ့ ရေသောက်တာကြောင့် အရေပြားဆဲလ်တွေ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။

၂။ ကျီးကန်းခြေထောက်ပေါ် နွားနို့ လိမ်းပါ
ဖန်ခွက်တစ်ခွက်ထဲ နွားနို့အေးထည့်ပြီးဝါဂွမ်းစနှစ်ယူကာ ကျီးကန်းခြေထောက်ပေါ် သုတ်လိမ်းပါ။ မျက်ဝန်းအောက်မှာပါ လိမ်းပေးမယ်ဆိုရင် မျက် အိတ်ဖောင်းတာကို သက်သာစေပါတယ်။ ကျန်တဲ့ နွားနို့ကို သောက်ပေးတာကြောင့် အရေပြားကနေ ကော်လာဂျင်နဲ့ အီလက်စတင် အထွက်တိုးစေပါတယ်။ နွားနို့သောက်တာက အသားအရေနုပျိုကျန်း မာစေတဲ့ နည်း လမ်းကောင်းပါ။

၃။ အုန်းဆီလိမ်းပြီး အစိုဓာတ် ထိန်းပါ
အုန်းဆီက အစွမ်းထက် အရေပြား အစိုဓာတ်ထိန်းခရင်မ်ပါ။ မျက်ဝန်းထောင့် အရေပြားပေါ် အုန်းဆီပါးပါးကို ပုံမှန်သုတ်လိမ်းပေးတာကြောင့် အသား အရေ နုပျိုကြည့်ကောင်းစေပါ တယ်။ အုန်းဆီဟာ အရေပြားဆဲလ်တွေကို စိုပြည်စေပြီး ကျီးကန်းခြေ ထောက်ကို သက်သာစေပါတယ်။

၄။ ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပါ
မျက်ဝန်းထောင့်အရေပြားမှာ ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပေးပါ။ ရှားစောင်း လက်ပပ်မှာ ဗီတာမင်အီး ပါဝင်တဲ့အတွက် လိမ်းပြီး မိနစ်အ နည်းငယ်အတွင်း အရေးကြောင်း သက်သာသွားမှာ ဖြစ်ပါတယ်။

၅။ မျက်ဝန်းပေါ် သခွားသီးစိတ်ကပ်ပေးပါ
မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာတို့ ကင်းစင်ဖို့အတွက် သခွားသီးစိတ်ကို မျက်ဝန်း ပေါ်ကပ်ပေးရင် မျက်ဝန်းထောင့် အရေးကြောင်းထင်တာ ကို သက်သာစေပါတယ်။ သခွားသီးမှာ ဗီတာမင်စီနဲ့ ရေဓာတ်ပါဝင်တာကြောင့် အရေပြားကို အိုမင်းမှု တားဆီးပေးပြီး နုပျို တင်းရင်းစေပါတယ်။

၆။ ကြက်ဥအကာသုံးပြီး ပေါင်းတင်ပါ
ကော်လာဂျင်နဲ့ အီလက်စတင်တွေက ပရိုတင်းတွေဖြစ်တဲ့အတွက် အရေပြားပေါ် ပရိုတင်းသုတ် လိမ်းပေးနိုင်ရင် အရေးကြောင်းတွေ သက်သာသွား မှာပါ။ မျက်ဝန်းထောင့်အရေ ပြားပေါ် ကြက်ဥအကာ များများသုတ်လိမ်းပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။

၇။ သင်္ဘောသီးမှည့် လိမ်းပါ
သင်္ဘောသီးမှာ အိုမင်းမှုတား ဗီတာမင်စီနဲ့ အင်ဇိုင်းတွေ ပါဝင်တဲ့အတွက် မျက်ဝန်းထောင့်အရေပြားမှာ သုတ်လိမ်းပေးရင် အရေးကြောင်းတွေ လျော့ပါးပြီး နုပျိုသွားပါလိမ့်မယ်။ သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး မျက်ဝန်းထောင့်မှာ သုတ်လိမ်းကာ မိနစ်အနည်းငယ် ကြာမှာ ရေနဲ့ ဆေးကြောလိုက်ပါ။

Ref: HD

Most Popular

Healthy Life Ad
To Top