သံပရာသီး၊ ရှောက်သီး၊ သံပရိုသီး၊ လိမ္မော်သီး၊ မာလကာသီးတွေစားတာကြောင့် ဗီတာမင် စီရရှိစေပါတယ်။ အဲဒီဗီတာမင်စီဟာ အသားအရေကို ကောင်းကျိုးဖြစ်စေပါတယ်။
– ဗီတာမင်စီက အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး တင်းရင်းစေပါတယ်။
– ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုကို လျော့ကျစေပါတယ်။
– ဗီတာမင်စီက အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင် အထွက်တိုးစေပါတယ်။
– ဗီတာမင်စီက အရေပြားအနာကျက်နှုန်း ကောင်းစေပါတယ်။
– ဗီတာမင်စီဟာ မကောင်းတဲ့ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့အတွက် အရေပြား နွမ်းနယ်ခြောက်သွေ့မှု လျော့ပါးစေပါတယ်။
– အစားအသောက်ကနေ ဗီတာမင်စီရရှိတဲ့အတွက် အသားအရေခြောက်သွေ့မှု ကင်းစင်စေပါတယ်။