ကလေးတွေ သန်ထတာ ကင်းစင်စေဖို့ အရေးပါဆုံးအချက်က လက်တွေသန့်ရှင်းနေဖို့ပဲ ဖြစ်ပါတယ်။ – ကလေးရဲ့လက်က ညစ်ပတ်နေရင် လက်ချောင်းတွေနဲ့ လက်သည်းကြားမှာ သန်ဥတွေ ကပ်ညိပြီး အစာစားရာကတစ်ဆင့် ဗိုက်ထဲကို သန်ဥတွေ ပါသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေး သန်မထအောင် လက်တွေကိုသန့်သန့် ရှင်းရှင်းဆေးကြောပေးရပါမယ်။...
ဇွန်ခိုင်ဦး ( ဆေးဝါးတကက္ကသိုလ် ) သင့်ကလေး ကျောင်းတက်တဲ့ ရက်တွေမှာ အိပ်ချိန်၊ နိုးချိန်မှန်ပြီး ကျောင်းမှာတက်ကြွတဲ့ ကျောင်းသား၊ ကျောင်းသူကောင်းဖြစ်လာအောင် လေ့ကျင့်ပံ့ပိုးပေးရပါမယ်။ (၁) အိပ်ချိန်မှန်အောင် ကြိုတင်ကျင့်ပေးပါ ကလေးတွေဟာ နွေကျောင်းပိတ်ရက်ရှည်ရတဲ့အခါ ကျောင်းတက်စဉ်ကလို အိပ်ရာဝင်တာ၊ အိပ်ရာထတာ ပုံမှန်...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား) မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနဲ့ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံဆောင်ရွက်နေပါတယ်။ စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်တာနဲ့ပတ်သက်ရင် စိတ်ဓာတ်ရင့်ကျက်ခိုင်မာရေးနဲ့ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းလိုလိုမှာ စိတ်ကျန်းမာရေး အားနည်းချို့ယွင်းတဲ့...
ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁)၊ ရန်ကုန် နှာစေးပြီးနောက် နားအကြားအာရုံလျော့တယ်ဆိုရင် အလယ်နားမှာ အရည်စုတဲ့ရောဂါ ဖြစ်နိုင်တာကို သတိရပြီး ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှုခံယူစေချင်ပါတယ် … “ အစ်မရေ၊ သမီး Otitis...
ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. ဘာကြောင့် သွားပဲ့တတ်ပါသလဲဆရာ။ ဖြေ. “ကြာကြာဝါးမယ့် သွား၊ အရိုးကြည့်ရှောင်”ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ ကိုယ်က ဂရုမစိုက်ဘဲနဲ့ အမာတွေကို ဝါးမယ်ဆိုရင် သွားကပဲ့နိုင်ပါတယ်၊ ကွဲသွားနိုင်ပါတယ်။ သဘာဝတရားအရ ဘယ်အရာမဆို ဉာဏ်နဲ့ယှဉ်ပြီး...
၊ ကိုထက် ၊ တွားသွားအရွယ်ကလေးလေးတွေကို နှိပ်နယ်ပေးတာကြောင့် ကျန်းမာရေးကောင်းကျိုး ရရှိစေပါတယ်။ ကလေးကိုအစာစားခါနီးနဲ့ စားပြီးချိန်တွေမှာ မနှိပ်ပေးသင့်ပါဘူး၊ တစ်ရေးအိပ်ချင်နေချိန်မှာလည်း မနှိပ်ပေးသင့်ပါဘူး။ ကလေးကအနှိပ်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ကြမ်းပြင်ပေါ် တဘတ်စောင်တစ်ထည်ခင်းပြီး ကလေးကိုဆီအနည်းငယ် လိမ်းပေးပါ။ ကလေးကိုနှိပ်ရင်း ကလေးကိုကြည့်ရတာ မသက်မသာဖြစ်နေပုံပေါ်ရင် ဒါမှမဟုတ်...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် ) ကိုထွန်းနိုင်နဲ့ မမေသီတို့ အိမ်ထောင်သက်တမ်းသုံးနှစ်ကျော်မှ ကိုယ်ဝန်ရလာလို့ သိပ်ကို ပျော်ရွှင်ဝမ်းသာနေကြတယ်။ သမီးဦးလေး မီးမီးမွေးလာတော့ ကိုထွန်းနိုင်တို့ဇနီးမောင်နှံတင်မက နှစ်ဖက် မိဘတွေကပါ သည်းသည်းလှုပ်ချစ်ခဲ့ကြတယ်။ တစ်ဦးတည်းသော သားဖြစ်တဲ့ ကိုထွန်းနိုင်က အိမ်ထောင်ကျကတည်းက မိဘတွေနဲ့မခွဲဘဲ အတူနေပြန်တော့ မီးမီးက...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) မွေးကင်းစကလေးတွေ ဖျားနေသလား၊ ကျန်းမာရေး ကောင်းနေသလားဆိုတာ မိဘအများစုက မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါနောက် မကျသင့်ဘဲ နောက်ကျတဲ့အဖြစ်မျိုး ရှိတတ်တဲ့တွက် မွေးကင်းစကလေး ဖျားနေတဲ့ လက္ခဏာတွေကို ရေးသားလိုက်ရပါတယ်။ (၁) အအေးမိခြင်း မွေးကင်းစကလေးက...
ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါ ပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်) ကျွန်မတို့တစ်တွေ ကိုယ်ပိုင်အချိန်လေးတွေကို ဖဲ့ပြီး ကျန်းမာရေးပညာပေးဆောင်းပါးတွေ ရေးနေကြတာဟာ ကျွန်မတို့ရဲ့ စာတွေကို ဖတ်မိတဲ့သူတွေ ကျန်းမာရေ ဗဟုသုတရပါစေ၊ အဲဒီဗဟုသုတရတဲ့အတွက် ဘာဖြစ်ရင်ဘာလုပ်သင့်တယ်ဆိုတာ သိပြီး အကျိုးရှိအောင်လို့ပါ။...
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ကလေးတွေကို ဘယ်လောက်ပဲချစ်ချစ်၊ ကိုယ့်မျက်စိအောက်မှာ အမြဲထားဖို့က မဖြစ်နိုင်ပါဘူး။ ကျောင်းထားချိန် ကျောင်းထားရပါမယ်၊ တခြားကလေးတွေနဲ့အတူ ကစားခွင့်ပေးရပါမယ်။ ဒီလိုကလေးတွေဟာ လူကြီးမိဘကွယ်ရာမှာ ကစားရင်း မတော်တဆ ထိခိုက်ဒဏ်ရာရလာခဲ့ရင် ရှေးဦးသူနာပြုစုနိုင်ဖို့ တချို့နည်းလမ်းတွေကို သင်ပေးထားရပါမယ်။ သွေးထွက်ရင် ဘယ်လိုတိတ်အောင်လုပ်ရမလဲ ကလေးက...