Healthy Life Ad
Child

ကျောင်းတက်နေတဲ့ ကလေး အိပ်ချိန်မှန်စေဖို့

ဇွန်ခိုင်ဦး ( ဆေးဝါးတကက္ကသိုလ် )
သင့်ကလေး ကျောင်းတက်တဲ့ ရက်တွေမှာ အိပ်ချိန်၊ နိုးချိန်မှန်ပြီး ကျောင်းမှာတက်ကြွတဲ့ ကျောင်းသား၊ ကျောင်းသူကောင်းဖြစ်လာအောင် လေ့ကျင့်ပံ့ပိုးပေးရပါမယ်။

(၁) အိပ်ချိန်မှန်အောင် ကြိုတင်ကျင့်ပေးပါ
ကလေးတွေဟာ နွေကျောင်းပိတ်ရက်ရှည်ရတဲ့အခါ ကျောင်းတက်စဉ်ကလို အိပ်ရာဝင်တာ၊ အိပ်ရာထတာ ပုံမှန် မဟုတ်တော့ပါဘူး။ အဲဒီအခါ ကလေး ကျောင်းပြန်တက်ချိန်မှာ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် ကမောက်ကမဖြစ်ပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ နွေကျောင်းပိတ်ရက် မကုန်ဆုံးခင် နှစ်ပတ်လောက် အလိုကတည်းက ကလေးကို ကျောင်းတက်တဲ့အခါ ထားရှိရမယ့် အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်အတိုင်း ပြောင်းလဲပေးပါ။

(၂) ကဖင်းနှင့် သကြား ရှောင်ပါ
ကလေးဟာ ညဘက်မှာ သူ့အိပ်ချိန်ဇယားအတိုင်း ပုံမှန် လည်ပတ်စေနိုင်ဖို့ ကဖင်းနဲ့ သကြားပါဝင်မှုများတဲ့ သရေစာတွေကို မကျွေးပါနဲ့။ ကဖင်းနဲ့ သကြားပါဝင်မှုများတဲ့အစာတွေကိုစားတာကြောင့် ကလေးအတွက် ပုံမှန်အိပ်ချိန်ရဖို့ ခက်ခဲသွားတတ်လို့ပါ။

(၃) ဆယ်ကျော်သက်အရွယ်အတွက် နိုးစက်ထားရှိပေးပါ
ကလေးငယ်တွေဆိုရင် သူ့အိပ်ရာထချိန်အတွက် မိဘက နိုးသင့်ပေမယ့် ဆယ်ကျော်သက်အ ရွယ်တွေအတွက် နိုးစက်ထားရှိပေးပြီး အဲဒီနိုးစက်အတိုင်း ထတတ်အောင် ကျင့်ပေးရပါမယ်။

(၄) ကျောင်းမသွားမီ နံနက်ခင်း လှုပ်ရှားမှုများ လုပ်ခိုင်းပါ
ကလေး အိပ်ရာထပြီး ကျောင်းမသွားခင်မှာ သစ်ပင်လေးတွေကို ရေလောင်းတာ၊ အမှိုက်ကောက်တာ၊ လေ့ကျင့်ခန်းလုပ်တာစတဲ့ လှုပ်ရှားမှုလေးတွေကို သူ့အရွယ်နဲ့သူ လုပ်ခိုင်းလိုက်ပါ။ ဒီနည်းလမ်းဟာ ကလေးကို ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေသလို တစ်နေ့တာလုံး စာသင်ကြားရာမှာ တက်ကြွလန်းဆန်းနေစေပါတယ်။

(၅) ဆုချီးမြှင့်ပါ
ကလေးဟာ အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်တယ်ဆိုရင် ဆုချီးမြှင့်ပေးပါ။ ဥပမာ ကျောင်းဝတ်စုံအသစ်တွေကို ဝယ်ပေးတာ၊ စာအုပ်နဲ့ စာရေးကိရိယာတွေကို ဝယ်ပေးတာမျိုး လုပ်ဆောင်ပေးပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top