Healthy Life Ad
Child

ဆော့ကစားတတ်သော သင့်ကလေးကို သင်ပေးထားရမည့် ရှေးဦးသူနာပြုစုနည်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကလေးတွေကို ဘယ်လောက်ပဲချစ်ချစ်၊ ကိုယ့်မျက်စိအောက်မှာ အမြဲထားဖို့က မဖြစ်နိုင်ပါဘူး။ ကျောင်းထားချိန် ကျောင်းထားရပါမယ်၊ တခြားကလေးတွေနဲ့အတူ ကစားခွင့်ပေးရပါမယ်။ ဒီလိုကလေးတွေဟာ လူကြီးမိဘကွယ်ရာမှာ ကစားရင်း မတော်တဆ ထိခိုက်ဒဏ်ရာရလာခဲ့ရင် ရှေးဦးသူနာပြုစုနိုင်ဖို့ တချို့နည်းလမ်းတွေကို သင်ပေးထားရပါမယ်။

သွေးထွက်ရင် ဘယ်လိုတိတ်အောင်လုပ်ရမလဲ
ကလေးက ဆော့ကစားရင်း မတော်တဆ ထိခိုက်မိရာက သွေးထွက်သွားရင် သွေးထွက်ဒဏ်ရာပေါ်တစ်ခုခုနဲ့ ဖိထားဖို့ သင်ပေးပါ။ ဒဏ်ရာအများစုက တိုက်ရိုက်ဖိအားပေးလိုက်ရင် သွေးတိတ်သွားနိုင်ပါတယ်။ လက်ရှည်အင်္ကျီဝတ်ထားရင် အဲဒီလက်နဲ့ သွေးထွက်ဒဏ်ရာကိုဖိထားပေးပါ။ ပတ်တီးဒါမှမဟုတ် လက်ကိုင်ပဝါရှိရင် အဲဒါနဲ့ ဖိပေးထားရင် သွေးတိတ်မြန်ပါတယ်။ ပြီးရင် လူကြီးမိဘတွေဆီ အမြန်သွားပါ။

အပူလောင်ရင် သက်သာအောင် ဘယ်လိုလုပ်ရမလဲ
မီးလောင်တာ၊ မီးပူလောင်တာစတဲ့ အရေပြားမှာ အပူလောင်သွားရင် ရေဘုံပိုင်ဆီဖြစ်ဖြစ် ပြေးသွားဖို့ သင့်ကလေးကို သင်ပေးပါ။ အပူလောင်ဒဏ်ရာပေါ် ရေလောင်းချလိုက်ပါ။ ပြီးရင် ရှားစောင်းလက်ပပ်ကို အလွယ်တကူရရင် ဆေးကြောပြီး အထဲက အနှစ်သားပွတ်လိမ်းပေးလိုက်ပါ။ လူကြီးမိဘတွေဆီ အမြန်သွားပါ။

မျက်ကြည်လွှာပေါက်ပြဲမှုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
ကလေးက ဆော့ကစားရင်း မျက်စိနာကျင်မှု၊ ထိခိုက်မှုဖြစ်သွားခဲ့ရင် မျက်စိကိုမပွတ်ပစ်ဖို့ သင်ပေးပါ။ မျက်စိနာကျင်ဒဏ်ရာရချိန်မှာ ပွတ်လိုက်ရင် မျက်ကြည်လွှာပေါက်ပြဲသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ မျက်ရည်တွေ ကျလာပါလိမ့်မယ်။ မျက်ရည်တွေက မျက်စိထဲဝင်တဲ့ ပြင်ပပစ္စည်းကို ဖယ်ထုတ်ဆေး ကြောလိုက်တာဖြစ်လို့ ကောင်းတဲ့လက္ခဏာပါ။ မသက်သာရင် ကလေးကို လူကြီးမိဘတွေရောက်လာတဲ့အထိ မျက်စိမှိတ်နေခိုင်းပါ။

Ref; RD

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top