၊ မိုးမင်းထွန်း ၊ ကယ်လီဖိုးနီးယား လော့စ်အင်ဂျလိစ်တက္ကသိုလ်မှ သုတေသီတွေရဲ့ သုတေသနအရ မျက်စိအတွင်းတိမ်ခွဲစိတ်မှုကြောင့် အမျိုးသမီးတွေမှာ စောစောသေဆုံးနိုင် ခြေ ၆၀ ရာခိုင်နှုန်းလျော့ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပိုးဝင်တာ၊ သွေးကြောဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ အဆုတ်နဲ့ကင်ဆာရောဂါတို့မှ သေဆုံးနိုင်ခြေ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ သုတေသီတွေက...
ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း) မေး ။ ဘာကြောင့် ဝိတ်တက်ရပါသလဲ ဆရာ။ ဖြေ ။ ဝိတ်တက်ရတဲ့အကြောင်းရင်းမှာ အဓိကကတော့ အစားအသောက်အနေနဲ့ အဆီအအိမ့်တွေ များများစားတယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာနည်းတယ် . . ဒီလိုလူတွေက ကိုယ်အလေးချိန်များပြီး ဝတတ်ပါတယ်။ တချို့ဆိုရင်...
၊ ဒေါက်တာတင့်ဆွေ ၊ ပျားပန်းမှုံဆေးကို Folk remedy အရပ်ဆေးအမျိုးအစားလို့ သတ်မှတ်တယ်။ ပျားကောင်လေးတွေက ပန်းတပွင့်ကနေ တပွင့်အကူး မှာ ကပ်ပါလာတဲ့ ပန်းဝတ်မှုံတွေကို ဆေးဖော်ထားတာဖြစ်ပါတယ်။ တချို့က ရာသီမလာခင်ဖြစ်တာတွေသက်သာဖို့နဲ့ ယောကျာ်းအသက်ကြီးသူတွေ ဆီးကျိတ်ကြီးတာအတွက် သုံးကြတယ်။ အားဆေးအနေနဲ့လည်း သုံးတယ်။...
၊ မိုးမင်းထွန်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် လန်ချားဆွဲသမား အဘူးဘာဂျန်ဒါဟာ ခန္ဓာကိုယ်တစ်ခုလုံး သစ်ပင်အခေါက်ပုံစံ အသားမာတွေဖုံးအုပ်တဲ့ ကမ္ဘာ့အရှားပါးဆုံးရောဂါတစ်မျိုး ခံစားခဲ့ရပါတယ်။ လူတွေက သူ့ကိုသစ်ပင်လူသားလို့ နာမည်ပြောင်တောင် ပေးထားခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရာမှာ ခွဲစိတ်မှုပေါင်း ၁၆ကြိမ်ပြုလုပ်ခဲ့ရပြီး...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ဆောင်းရာသီမှာ လက်တွေ၊ ခြေထောက်တွေ အေးစက်နေတယ်ဆိုရင် လက်ဖဝါးချင်းပွတ်သပ်ရုံ နဲ့ နွေးမသွားနိုင်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အစွန်အဖျားတွေဖြစ်တဲ့ လက်တွေ၊ ခြေထောက်တွေဆီ သွေးစီးဆင်းမှု လျော့ကျရာက အေးစက်နေတာပါ။ အဲဒီအခါ လက်တွေ၊ ခြေထောက်တွေ နွေးထွေးနေစေဖို့...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ကျွန်တော့်အသက် ၂၆နှစ်ရှိပါပြီ။ ပန်းဆိုင်ကြီးကြီးတစ်ခု ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘွဲ့မရပါဘူး။ ဒီပန်းဆိုင်ကလည်း မိဘတွေရဲ့ လက်ငုပ်လက်ရင်းလုပ်ငန်းမဟုတ်ပါဘူး။ ကျွန်တော့်မိဘတွေက ဆင်းရဲနွမ်းပါးပါတယ်။ ကျွန်တော် ၁၀ တန်းအောင်တော့ မိဘတွေက ကျောင်းဆက်မထားနိုင်တဲ့အတွက် အလုပ်ထွက်လုပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ...
၊ ငွေကြယ်စင်ယံ ၊ ခံတွင်းထဲမှာ သွားတွေညီညီညာညာ၊ ဖြူဖြူစင်စင်ရှိနေမှသာ အပြုံးလှလှ ပြုံးနိုင်မှာပါ။ အသက်ကြီးတဲ့အထိ သွား တွေမဆုံးရှုံးဘဲ အပြုံးလှလှပြုံးနိုင်ဖို့အတွက်လိုက်နာသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ – သွားဖြူစင်တောက်ပလိုလျှင် နေ့စဉ်သွားတိုက်ပေးရုံနဲ့ သွားဖြူစင်တောက်ပဖို့ သိပ်မလွယ်ပါဘူး။ သွားတိုက်တံကို ရှလကာရည်ပန်းကန်လုံးထဲစိမ်ပြီး သွားတိုက်သလိုတိုက်ပေးပါ။ တစ်ပတ်မှာ...
၊ မိုးမင်းထွန်း ၊ အသက် ၁၇ နှစ်အရွယ် အိန္ဒိယဆယ်ကျော်သက် စူမန်ကုမာရီဟာ အသက် ၁၀ နှစ်အရွယ်က မေးစေ့နဲ့ပါးတွေရောင်လာခဲ့ပါတယ်။ ဆရာဝန်တွေနဲ့ သွားပြခဲ့ပြီး အသားစစစ်ဆေးတာ၊ သွေးစစ်တာတွေ ပြုလုပ်ကြည့်ခဲ့ပေမယ့် ရောဂါကို မရှာဖွေနိုင်ခဲ့ပါဘူး။ရောင်တာက တဖြည်းဖြည်းပိုဆိုးလာကာ မျက်နှာသွင်ပြင်ပုံပျက်လာခဲ့ပါတယ်။ ပါးစပ်ကောင်းကောင်း...
ငွေကြယ်စင်ယံ ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်ရင် သွားလာလှုပ်ရှားရတာ မကောင်းဘဲ မသက်မသာဖြစ်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကာကွယ်နည်းများ ခေါင်းတစ်ခြမ်းကိုက်ရောဂါထစေနိုင်တဲ့ အရာတွေထဲက ရှောင်လွှဲနိုင်တဲ့အရာတွေ ဖြစ်တဲ့အရက်၊ တချို့အစားအစာတွေ(ဥပမာ-အဆီအအိမ့်ကဲတဲ့ အစာ၊ ပူလွန်းစပ်လွန်းတဲ့အစာ) တောက်ပတဲ့ အလင်းစူးစူး၊ ဆူညံလွန်းတဲ့အသံနဲ့ စိတ်ဖိစီးမှုများစေတဲ့ အခြေအနေစတာတွေကို ရှောင်ပါ။ ရေ၊ သစ်သီးဖျော်ရည်နဲ့...
မေး ။ ကလေးဝမ်းချုပ်ရင် ဝမ်းမှန်အောင် ဘာတွေကျွေးသင့်ပါသလဲရှင့်။ May Lay (Fb) ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။ ဖြေ ။ အဓိကကတော့ ကလေးဝမ်းချုပ်တယ်ဆိုတာက အသီးအရွက်တွေကို မှန်မှန်မကျွေးလို့ပါ။ ကလေး ဝမ်းမှန်မှန်သွားအောင် အသီးအရွက်တွေကို...