Healthy Life Ad
International

ဘင်္ဂလားဒေ့ရှ်သစ်ပင်လူသား ခွဲစိတ်မှု ၁၆ကြိမ် ပြုလုပ်ပြီးနောက် ဆေးရုံမှ ဆင်းနိုင်တော့မည်

၊ မိုးမင်းထွန်း ၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် လန်ချားဆွဲသမား အဘူးဘာဂျန်ဒါဟာ ခန္ဓာကိုယ်တစ်ခုလုံး သစ်ပင်အခေါက်ပုံစံ အသားမာတွေဖုံးအုပ်တဲ့ ကမ္ဘာ့အရှားပါးဆုံးရောဂါတစ်မျိုး ခံစားခဲ့ရပါတယ်။ လူတွေက သူ့ကိုသစ်ပင်လူသားလို့ နာမည်ပြောင်တောင် ပေးထားခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရာမှာ ခွဲစိတ်မှုပေါင်း ၁၆ကြိမ်ပြုလုပ်ခဲ့ရပြီး ၁၁ပေါင်အလေးချိန်ရှိ အသားမာတွေကို ခြေထောက်တွေ၊ လက်တွေမှဖယ်ရှားနိုင်ခဲ့ကာ မကြာခင်မှာ ဆေးရုံမှဆင်းနိုင်တော့မယ်လို့ သိရပါတယ်။ Epidermodysplasia verruciformis အမည်ရတဲ့ ဒီရောဂါဖြစ်ပွားသူ အလွန်ရှားပါးကာ သိရှိရသမျှ ကမ္ဘာအနှံ့လေးယောက်သာရှိတယ်လို့ သိရပါတယ်။ ဒီကုသမှုက ဆေးပညာသမိုင်းမှာ မှတ်တိုင်ဖြစ်ပြီး အသားမာတွေ ပြန်လည်မဖြစ်ပွားဘူးဆိုရင် ရောဂါပျောက်ကင်းတဲ့ ပထမဆုံးလူနာဖြစ်လာမှာဖြစ်ကြောင်း ဒါကာဆေးရုံမှ ဆရာဝန်တွေကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်က အလားတူရောဂါနဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်ဟာ သေဆုံးခဲ့ပါတယ်။ ဘာဂျန်ဒါရဲ့လက်ပုံစံတွေပုံမှန်ဖြစ်အောင် အသေးစားခွဲစိတ်မှုပြုလုပ်မှာဖြစ်ပြီး လာမယ့်ရက် ၃၀ အတွင်း ဆေးရုံမှဆင်းနိုင်တော့မှာဖြစ်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။ ဘာဂျန်ဒါကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေလှူဒါန်းငွေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top