Healthy Life Ad
Health Tips

ဆောင်းတွင်းမှာ လက်တွေ၊ ခြေထောက်တွေ နွေးထွေးနေအောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆောင်းရာသီမှာ လက်တွေ၊ ခြေထောက်တွေ အေးစက်နေတယ်ဆိုရင် လက်ဖဝါးချင်းပွတ်သပ်ရုံ နဲ့ နွေးမသွားနိုင်ပါဘူး။ ခန္ဓာကိုယ်ရဲ့ အစွန်အဖျားတွေဖြစ်တဲ့ လက်တွေ၊ ခြေထောက်တွေဆီ သွေးစီးဆင်းမှု လျော့ကျရာက အေးစက်နေတာပါ။ အဲဒီအခါ လက်တွေ၊ ခြေထောက်တွေ နွေးထွေးနေစေဖို့ အောက်ပါ နည်းလမ်းကောင်းတွေ လိုက်နာသင့်ပါတယ်။

နှလုံးကျန်းမာစေမည့် အစာများ စားပါ
ခြေလက်အစွန်အဖျားတွေ နွေးထွေးစေဖို့ နည်းလမ်းကောင်းတစ်ခုက သွေးလှည့်ပတ်မှုကောင်းအောင် အစားအသောက်တွေ စားရပါမယ်။ အဲဒီအစာတွေက နှလုံးအကျိုးပြုအစာတွေဖြစ်တဲ့ အဆီများတဲ့ငါး၊ အခွံမာစေ့၊ သံလွင်ဆီ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။ သစ်ကြားသီး၊ အဆီနည်းဒိန်ချဉ်၊ ငှက်ပျောသီး၊ အမည်းရောင် ချောကလက်၊ အုတ်ဂျုံကွေကာနဲ့ သံလွင်ဆီပါတဲ့ သွေးလှည့်ပတ်မှုကောင်းစေတဲ့ အစာတွေကို စားသင့်ပါတယ်။

ခြေအိတ်ဝတ်ပြီး အိပ်ပါ
ခြေအိတ်ဝတ်ပြီး အိပ်တာကြောင့် သင့်ကို နွေးထွေးစေပါတယ်။

သင့်တော်သော လက်အိတ်ဝတ်ပါ
အေးမြတဲ့ ရာသီဥတုမှာ လက်တွေက အေးစက်နေတတ်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ပိုလီ ပရောပိုင်လင်းနဲ့လုပ်ထားတဲ့ လက်အိတ်ကိုဝတ်ပြီး နွေးထွေးအောင်ထားပါ။

မီးလှုံပါ
အေးစက်နေချိန်မှာ တစ်ကိုယ်လုံး နွေးထွေးနေအောင် မီးလှုံတာကို လုပ်ဆောင်သင့်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ သုံးပါ
ဆောင်းတွင်းမှာ နွေးထွေးစေဖို့ ဟင်းခတ်အမွှေးအကြိုင်တွေကို မှီဝဲရပါမယ်။ ဟင်းခတ်အမွှေးအ ကြိုင်တချို့မှီဝဲပေးရင် ကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ ငရုတ်ကောင်းမှုန့်၊ သစ်ကြံပိုးခေါက်၊ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူ စတဲ့ ဟင်းခတ်အမွှေးအကြိုင် တချို့ကို စားပေးရင် ကိုယ်အပူချိန်မြင့်တက်ပြီး နွေးထွေးလာပါတယ်။

ဆေးဖက်ဝင်လက်ဖက်ရည်ပူပူ သောက်ပါ
တစ်နေ့လုံး ဆေးဖက်ဝင်လက်ဖက်ရည်ပူပူ သောက်တာကြောင့် ကိုယ်အပူချိန် မြင့်တက်စေပြီး နွေးထွေးစေပါတယ်။ ဆေးဖက်ဝင်လက်ဖက်ရည်ပူပူမှာပါတဲ့ အင်တီအောက်ဆီးဒင့်က ခန္ဓာကိုယ်ဇီဝ ကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ကြက်ရိုးစွပ်ပြုတ်ပူပူသောက်ပေးရင် မဂ္ဂနီဆီယမ်နဲ့ ကော်လာဂျင် ပါတာကြောင့် တစ်ကိုယ်လုံး နွေးထွေးစေပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top