Healthy Life Ad
Health Tips

သွားနှင့် ခံတွင်းကျန်းမာရေး ကောင်းမွန်သထက် ကောင်းမွန်လာစေရန်

၊ ငွေကြယ်စင်ယံ ၊

ခံတွင်းထဲမှာ သွားတွေညီညီညာညာ၊ ဖြူဖြူစင်စင်ရှိနေမှသာ အပြုံးလှလှ ပြုံးနိုင်မှာပါ။ အသက်ကြီးတဲ့အထိ သွား တွေမဆုံးရှုံးဘဲ အပြုံးလှလှပြုံးနိုင်ဖို့အတွက်လိုက်နာသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။

– သွားဖြူစင်တောက်ပလိုလျှင်
နေ့စဉ်သွားတိုက်ပေးရုံနဲ့ သွားဖြူစင်တောက်ပဖို့ သိပ်မလွယ်ပါဘူး။
သွားတိုက်တံကို ရှလကာရည်ပန်းကန်လုံးထဲစိမ်ပြီး သွားတိုက်သလိုတိုက်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ်ပဲလုပ်ပါ။
နောက်တစ်နည်းက မုန့်ဖုတ်ရာမှာသုံးတဲ့ ဆော်ဒါမှုန့်ကို သွားတိုက်တံထိပ်မှာ ဖြူးပြီးသွားတိုက်ပေးနိုင်ပါတယ်။ ဒီနည်း ကိုလည်း တစ်ပတ်မှာ တစ်ကြိမ်ပဲ လုပ်သင့်ပါတယ်။
သွားဖြူစင်ချင်ရင် အရောင်ရင့်တဲ့ အချိုရည်ကိုရှောင်ပါ၊ ကွမ်းမစားပါနဲ့၊ ဆေးလိပ်မသောက်ပါနဲ့။
သစ်သီးဖျော်ရည် သောက်တဲ့အခါ ပိုက်နဲ့စုပ်သောက်ပါ။

– သွားပိုးစားခြင်း ကင်းလိုလျှင်
တံတွေးဆိုတာ သဘာဝ သွားသန့်စင်တဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် သွားတွေ ဖြူစင်သန့်ရှင်းဖို့ လုံလောက်တဲ့အစွမ်းတွေရှိပါတယ်။ ဒါပေမဲ့ခံတွင်းဟာညဘက်မှာ တံတွေးပမာဏ အနည်းငယ်သာ ထွက်ရှိတဲ့အတွက် အိပ်ရာဝင်ချိန်မှာ သွားထဲက ဘက်တီးရီးယားတွေကို အလုံအလောက်မတွန်းလှန်နိုင်ပါဘူး။ ဒါကြောင့် သင်ညဘက်မှာပုံမှန်သွားတိုက်တဲ့အကျင့် မရှိရင် သွားဝါတာ၊သွားမှာ အစွန်းအထင်း ထင်တာနဲ့ သွားချေးဖတ်ကပ်ငြိတာတို့ ဖြစ်ကာသွားပိုးစားနိုင်ပါတယ်။

– သွားကျိုးသွားလျှင်
ကိုယ်ရဲ့ကိုယ်ပိုင်သွားက အကောင်း ဆုံးပါ။ ဒါကြောင့် မတော်တဆကြီးသွား ကျိုးသွားခဲ့ရင် ကျွတ်သွားတဲ့သွားကို ပလတ်စတစ်အိတ်ထဲထည့်ပြီး အနီး ဆုံး သွားဆရာဝန်ထံအမြန်သွားပါ။ ဒါမှမဟုတ် သွားကို နွားနို့ထဲစိမ်ပြီး သွားဆရာဝန်ထံ အမြန်သွားပြပါ။

– လျှာသန့်စင်လိုလျှင်
လျှာဆိုတာ ဘက်တီးရီးယားပွားစေတဲ့ သွားချေးဖတ်ရဲ့နားခိုရာပါ။ ဒါကြောင့် လျှာကို နေ့တိုင်းတိုက်ပေးသင့်ပါတယ်။ လူအများစုက ကိုယ်တိုက်နေတဲ့ သွားတိုက်တံနဲ့ပဲ လျှာကို တိုက်တတ်ကြပါ တယ်။ တကယ်လို့ သင့်သွားတိုက်တံက မာရင် လျှာမှာရှိတဲ့ အရသာခံ အဖုတွေကို ထိခိုက်စေနိုင်ပါတယ်။ သတိထားပါ။ လျှာသီးသန့်တိုက်ရတဲ့ ကိရိယာတွေ ကို ရွေးချယ်တိုက်ပေးတာက ပိုအဆင်ပြေပါတယ်။

– သွားကျန်းမာရေး ပိုကောင်း လိုလျှင်
တစ်နေ့ နွားနို့ တစ်ဖန်ခွက်သောက်ပေးပါ။ အစာစားပြီး ၁၅ မိနစ် ကြာတိုင်း ပလုတ်ကျင်းပေးပါ။
တရုတ်နံနံပင်နဲ့ မုန်လာဥနီတွေကို ကြိတ်ဝါးပေးပါ။

(Ref; zeenews)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top