Healthy Life Ad
International

ရှက်ပြီး အိမ်အပြင်မထွက်နိုင်ဖြစ်နေသည့် ပါးနှင့်မေးစေ့ရောင်နေသူ မိန်းကလေး

၊ မိုးမင်းထွန်း ၊

အသက် ၁၇ နှစ်အရွယ် အိန္ဒိယဆယ်ကျော်သက် စူမန်ကုမာရီဟာ အသက် ၁၀ နှစ်အရွယ်က မေးစေ့နဲ့ပါးတွေရောင်လာခဲ့ပါတယ်။ ဆရာဝန်တွေနဲ့ သွားပြခဲ့ပြီး အသားစစစ်ဆေးတာ၊ သွေးစစ်တာတွေ ပြုလုပ်ကြည့်ခဲ့ပေမယ့် ရောဂါကို မရှာဖွေနိုင်ခဲ့ပါဘူး။ရောင်တာက တဖြည်းဖြည်းပိုဆိုးလာကာ မျက်နှာသွင်ပြင်ပုံပျက်လာခဲ့ပါတယ်။ ပါးစပ်ကောင်းကောင်း မဟနိုင်တော့တာကြောင့် အစာစားတိုင်း နာကျင်နေ ရပါတယ်။ စကားပီပီသသမပြောနိုင်တော့သလို မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်ဖြစ်လာနေပါတယ်။

ဆရာဝန်ဖြစ်ဖို့ ရည်မှန်းထားတဲ့ ကုမာရီဟာ ကျောင်းမှာလှောင်ပြောင်ခံရတာတွေကြောင့် လွန်ခဲ့တဲ့နှစ်က ကျောင်းထွက်ခဲ့ပါတယ်။ ရှက်ရွံ့တာကြောင့် အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေနေခဲ့ပါတယ်။ ဒေလီရှိ အင်ဒရာပရက်စတာဆေးရုံမှ ဒေါက်တာကာဒိဆင်းဟာ ကုမာရီကို စစ်ဆေးခဲ့ပြီး သူရဲ့ ရောဂါက ကင်ဆာနဲ့မသက်ဆိုင်ကြောင်း ပြောပြပါတယ်။

မျက်နှာနဲ့ ဦးခေါင်းခွံခွဲစိတ်ဆရာဝန်နဲ့ပြသဖို့ တိုက်တွန်းခဲ့ပေမယ့် စုစုပေါင်းဆေးကုစရိတ် စတာလင်ပေါင် ၁၇၄၁ ပေါင်နီးပါးကုန်ကျခဲ့ပြီးဖြစ်တာကြောင့် ဆင်းရဲတဲ့မိသားစုက နောက်ထပ်ဆေးကုသစရိတ် မတတ်နိုင်ဖြစ်နေပါတယ်။ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်တဲ့ ကုမာရီရဲ့ဖခင်ဟာ တစ်လ စတာလင်ပေါင် ၉၂ပေါင်သာ ဝင်ငွေရှိတာကြောင့် ဆေးကုစရိတ်မတတ်နိုင် ဖြစ်နေရကြောင်းသိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top