Healthy Life Ad
International

မျက်စိအတွင်းတိမ်ခွဲစိတ်မှုကြောင့် အမျိုးသမီးများတွင် စောစောသေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းလျော့ကျစေနိုင်

၊ မိုးမင်းထွန်း ၊

ကယ်လီဖိုးနီးယား လော့စ်အင်ဂျလိစ်တက္ကသိုလ်မှ သုတေသီတွေရဲ့ သုတေသနအရ မျက်စိအတွင်းတိမ်ခွဲစိတ်မှုကြောင့် အမျိုးသမီးတွေမှာ စောစောသေဆုံးနိုင် ခြေ ၆၀ ရာခိုင်နှုန်းလျော့ကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပိုးဝင်တာ၊ သွေးကြောဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ အဆုတ်နဲ့ကင်ဆာရောဂါတို့မှ သေဆုံးနိုင်ခြေ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ၁၉၉၃နဲ့ ၂၀၁၅ ခုနှစ်အကြား အမျိုးသမီးတွေရဲ့ ဆေးမှတ်တမ်းတွေကို လေ့လာခဲ့ကြပါတယ်။ မျက်စိအတွင်း တိမ်ဖြစ်တဲ့ ၆၅ နှစ်နဲ့အထက် အမျိုး ၇၄၀၄၄ ယောက် တွေ့ရှိခဲ့ပြီး အဲဒီအထဲမှ ၄၁၇၃၅ ယောက်ဟာ ခွဲစိတ်မှု ပြုလုပ်ခဲ့ကြပါတယ်။ ခွဲစိတ်သူတွေက မခွဲစိတ်သူတွေထက် စောစောသေဆုံးနှုန်းနည်းတာကို တွေ့ရှိခဲ့ပါတယ်။

ခွဲစိတ်မှုခံယူတဲ့ အသက်ကြီးအမျိုးသမီးတွေဟာ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေမှာ အထိခိုက်ကင်းကင်း ပိုမိုလုပ်ဆောင်နိုင်တာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ သုတေသီတွေက ယူဆနေကြပါတယ်။ ချော်လဲတာ၊ အရိုးကျိုးတာ၊ စိတ်ဓာတ်ကျဆင်းနှုန်း နည်းတာတို့ကလည်း ကောင်းမွန်တဲ့အချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်သူတွေမှာ ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်နိုင်တာ၊ စာဖတ်ဖို့၊ တခြားသူတွေရဲ့ မျက်နှာကိုမြင်ဖို့နှင့် ကားမောင်းဖို့ခက်ခဲတာစတဲ့ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ ခွဲစိတ်မှုအတွင်း ဆရာဝန်တွေက တိမ်ဖုံးနေတဲ့ မျက်တွင်းမှန်ဘီလူးကို ရှင်းလင်းတဲ့ မှန်ဘီလူးအတုနဲ့ အစားထိုး ခွဲစိတ်ပေးလေ့ ရှိကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top