Healthy Life Ad
Health Tips

ရုံးဝန်ထမ်းတို့ ကျန်းမာရေးကောင်းမွန်စေရန် စားသင့်သည့် သရေစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရုံး၊ ကုမ္ပဏီ စတဲ့ အလုပ်တွေမှာ တစ်နေ့လုံးအလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေအနေနဲ့ အလုပ်လုပ်ရင်း ဗိုက်ဆာလာတဲ့အခါ အဆာပြေ သရေစာအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားနိုင်ဖို့ အစားအသောက်တွေကို ရေးသားလိုက်ပါတယ်။

(၁) အမည်းရောင်ချောကလက်

တခြား ချောကလက်တွေနဲ့ ယှဉ်ရင် အမည်းရောင်ချောကလက်မှာ သကြားနဲ့ အဆီဓာတ် ပါဝင်မှုက အနည်းဆုံး ဖြစ်ပါတယ်။ အမည်းရောင် ချောကလက်ဟာ ဂလူးကို့စ်အဖြစ် ပြောင်းပြီး သွေးထဲရောက်ရှိကာ စွမ်းအင်ကို တဖြည်းဖြည်းချင်း ထုတ်ပေးပါတယ်။ ဗိုက်ဆာတဲ့အခါ အဆာပြေသရေစာအနေနဲ့ ချောကလက် အနည်းငယ် စားတာက ဘီစကွတ်မုန့်နဲ့ ကိတ်မုန့် စားတာထက် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

(၂) မြေပဲ

အထိုင်များတဲ့ ရုံးဝန်ထမ်းတွေအနေနဲ့ မြေပဲ၊သီဟိုဠ်စေ့စတဲ့ အခွံမာတဲ့ အစေ့အဆန်တွေကို ဝယ်ယူထားသင့်ပါတယ်။ အလုပ်စားပွဲမှာ အချိန်ကြာကြာထိုင်ပြီး အလုပ်လုပ်တာကြောင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို မြင့်မားစေပါတယ။် အခွံမာတဲ့အစေ့အဆန်တွေကို စားတာကြောင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

အကြောင်းကတော့ အခွံမာတဲ့ အစေ့အဆန်တွေမှာ လီနိုလိရစ်အက်စစ်ပါဝင်မှုများတာကြောင့် ဦးနှောက်ထဲမှာသွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ အခွံမာတဲ့ အစေ့အဆန်တွေမှာ ပရိုတင်းဓာတ်နဲ့ ဟင်းသီးဟင်းရွက်ဆီတို့များများ ပါဝင်ပါတယ်။ ဒါပေမဲ့ အဆီပါဝင်မှု များတဲ့မြေပဲကို အများကြီး မစားသင့်ပါဘူး။

(၃) လက်ဖက်စိမ်းလက်ဖက်ရည်

ရုံးဝန်ထမ်းတွေဟာ ကွန်ပျူတာအသုံးများတာကြောင့် နုံးချည့်ညောင်းညာတဲ့ ဝေဒနာ အဖြစ်များတတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ လက်ဖက်စိမ်းလက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်ပါ။အင်တီအောက်ဆီးဒင့် ပါဝင်မှုကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေနိုင်ပါတယ်။

(၄) အုတ်ဂျုံနှင့် လုပ်ထားသော မုန့်

အုတ်ဂျုံ (Oatmeal)နဲ့ လုပ်ထားတဲ့ မုန့်၊ ကွေကာတွေမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး အစာချေ ဖျက်နှုန်း နှေးစေတဲ့အပြင် ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြည့်ဝစေပါတယ်။ ဒါ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကို ပုံမှန်ဖြစ်နေစေတာကြောင့် အလုပ်များတဲ့အတွက် ခေါင်းနောက်တာ၊ ထိုင်းမှိုင်းတာ၊ မှတ်ဉာဏ်ဆုံးရှုံးတာနဲ့ စွမ်းဆောင်နိုင်စွမ်း လျော့နည်းတာတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top