Healthy Life Ad
Life Style

အလုပ်နဲ့ဘဝ ဟန်ချက်ညီရဲ ့လား

အလုပ်နဲ့ ကိုယ့်ရဲ ့သီးသန့်ဘဝကြား ဟန်ချက်ညီမျှမှု ရှိရဲ့လားဆိုတာကို လေ့လာဆန်းစစ်နိုင်စေဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

မေးခွန်း (၁) နေ့တိုင်းအလုပ်ခွင်ကို ရောက်တဲ့အခါ ဒီနေ့လုပ်ရန်ဆိုတဲ့ စာရင်းဇယားဟာ ရှည်လျားလွန်းလို့ ပြီးမြောက်ဖို့ မဖြစ်နိုင်လောက်အောင် ခံစားနေရသလား။

မေးခွန်း (၂) သင့်အနေနဲ့ အိမ်ကိစ္စတွေအတွက် အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အကူအညီတောင်းနေရသလား။ အလုပ်ကြောင့် ကိုယ်ရဲ ့မိသားစုဘဝကို ဟန်ချက်မထိန်းနိုင်လောက်အောင် ဖြစ်နေပြီလား။

မေးခွန်း (၃) သင့်ကလေးရဲ ့ ပြိုင်ပွဲတွေ၊ ဆုယူပွဲတွေမှာ ပါဝင်အားပေးဖို့ မကြာခဏ ပျက်ကွက်နေတယ်လို့ သင်ခံစားနေရပြီလား။

မေးခွန်း (၄) သင့်အလုပ်က ပျော်စရာမကောင်းရုံသာမက တခြားအလုပ်တွေက ဒီလောက်မဆိုးရွားနိုင်ပါဘူးလို့များ တွေးနေမိပါသလား။

သင့်အနေနဲ့ အထက်ကမေးခွန်းတွေအနက် လေးခု ဒါမှမဟုတ် သုံးခုက မှန်တယ်လို့ ဖြစ်ခဲ့ရင် သင့်အနေနဲ့ အလုပ်နဲ့ ဘဝကြားဟန်ချက်ညီမျှအောင် ကြိုးစားဖို့ လိုအပ်နေပါပြီ။

ဘယ်လိုလုပ်သင့်သလဲ

ပြုပြင်ပြောင်းလဲရန် ကြိုးစားပါ

အလုပ်မှာ ထိုင်ချိန်မရလောက်အောင်၊ နေ့လယ်စာကို ကောင်းကောင်းစားချိန် မရလောက်အောင် အလုပ်များနေရင် အလုပ်ရဲ ့တောင်းဆိုမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းရှာသင့်နေပါပြီ။ အလုပ်မှာ ပင်ပန်းတာကြောင့် အိမ်ပြန်ရောက်တဲ့အခါ ခင်ပွန်း ဒါမှမဟုတ် ဇနီး၊ သားသမီးတွေနဲ့ စကားလက်ဆုံကျဖို့ အချိန်မပေးနိုင်ဘူးဆိုရင် အလုပ်နဲ့ သင်ရဲ ့လုပ်နိုင်စွမ်းအား မမျှတဘူးဆိုတာ နားလည်သဘောပေါက်သင့်ပါတယ်။

အကူအညီတောင်းပါ

အလုပ်နဲ့ အိမ်မှာ တစ်ယောက်တည်း မနိုင်မနင်းဖြစ်နေရင် အကူအညီတောင်းပါ။ သင့်ကလေးကို ကျောင်းကြို/ကျောင်းပို့လုပ်ဖို့၊ သင်မလုပ်လည်းဖြစ်တဲ့ အသေးအမွှားအလုပ်တွေကို လုပ်ဖော်ကိုင်ဖက်ကို ခွဲဝေပေးဖို့ စဉ်းစားပါ။

အလုပ်မှာ ပျော်ရွှင်ရဲ ့လားဆိုတာ သုံးသပ်ပါ

အလုပ်ထဲမှာ ဘက်လိုက်မှု၊ မမျှတမှု၊ ချောက်တွန်းခံရမှုတွေကို ခံစားနေရသလား။ အလုပ်ထဲမှာ မပျော်မွေ့တာကြောင့် တနင်္လာနေ့မနက်ခင်းဆိုရင် ရုံးသွားရမှာကို အလွန်အမင်း စိတ်ပျက်နေပါသလား။ ဒါဆိုရင်တော့ သင့်အတွက် အဆင်ပြေမယ့် အလုပ်တစ်ခုခုကို ရွေးချယ်ပြောင်းလဲသင့်နေပါပြီ။

Most Popular

Healthy Life Ad
To Top