Healthy Life Ad
Life Style

အိမ်တွင် အလုပ်အီးမေးစစ်ခြင်းဖြင့် နှလုံးရောဂါ၊ ပူပင်သောကနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်

———၊ ကိုထက် ၊———

အလုပ်နှင့်ဆိုင်သော အီးမေးကို အိမ်တွင်စစ်ဆေးခြင်း သို့မဟုတ် အလုပ်နားရက်တွင် အလုပ်ရှင်ဖုန်းခေါ်ခြင်းတို့ကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူတို့က သတိပေးထားသည်။

လူငါးသောင်းခုနှစ်ထောင်ဦးကို လေ့လာမှုတစ်ခုအရ ညနေခင်းအချိန်နှင့် အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်သူတို့သည် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချည့်ညောင်းညာခြင်း၊ ပူပင်သောကများခြင်းနှင့် အစာအိမ်ဝေဒနာ ခံစားရခြင်းတို့ ပိုအဖြစ်များကြောင်း သိရသည်။ ပုံမှန်ရုံးချိန်ထက် ပိုပြီး အလုပ်လုပ်သူတို့သည် ကြွက်သားပြဿနာများ၊ နှလုံးသွေးကြောရောဂါများ ဖြစ်ခြင်းတို့နှင့် ဆက်စပ်မှုရှိကြောင်း ဂျာမန်လေ့လာသူတို့ တွေ ့ရှိခဲ့သည်။

အိမ်တွင် အလုပ်အီးမေး စစ်ဆေးရခြင်း၊ အလုပ်နားချိန်တွင် အလုပ်ရှင်ဖုန်းခေါ်ခြင်း စသည်တို့သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် လူတို့၏အိမ်တွင် အနားယူချိန်တွင် အလုပ်လုပ်ရသည်ကို စည်းကမ်းတင်းကျပ်ပိတ်ပင်သင့်ကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။

အလုပ်ချိန်ပြီးလျှင် ပြည့်ပြည့်ဝ၀ အပန်းဖြေအနားယူခြင်းသည် ခန္ဓာကိုယ်ပြန်လည် ကျန်းမာအားပြည့်ရေးအတွက် မရှိမဖြစ် အရေးကြီးသည်။

“အလုပ်ရှင်တွေဟာ ဝန်ထမ်းတွေရဲ ့ လုပ်ငန်းခွင်ပြင်ပအနားယူချိန်ကို တတ်နိုင်သမျှ မနှောင့်ယှက်သင့်ပါဘူး။ ဒါကို ယဉ်ကျေးမှုတစ်ရပ်လို လိုက်နာသင့်ပါတယ်”ဟု လေ့လာသူတို့က ဆိုသည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top