Healthy Life Ad
Health Tips

ကိုယ်ခံစွမ်းအား ကောင်းစေမည့် ကန်စွန်းဥစွပ်ပြုတ်

အရသာရှိတဲ့ ကန်စွန်းဥစွပ်ပြုတ်ဟာ ချိုမြိန်တာကြောင့် ကလေး၊ လူကြီးမရွေး နှစ်ခြိုက်မှာပါ။ မိုးမိတဲ့ နေ့ရက်တွေ၊ ရာသီအကူးအပြောင်းမှာ ဖျားချင်ချင်ဖြစ်နေတဲ့ အချိန်တွေမှာ ကိုယ်ခံစွမ်းအား ကောင်းစေမယ့် စွပ်ပြုတ်လည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
– သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊
– လှီးထားတဲ့ တရုတ်နံနံ တစ်ခွက်၊
– လှီးထားတဲ့ ကြက်သွန်နီ ခွက်တစ်ဝက်၊
– ကန်စွန်းဥ လေးဥ၊
(လေးထောင့်တုံးငယ်တွေအဖြစ် လှီးထားပါ)
– ပင်စိမ်း အနည်းငယ်၊
– ဆား

ပြုလုပ်နည်း
(၁) ဆီအပူပေးပြီး တရုတ်နံနံနဲ့ ကြက်သွန်နီကို အနံ့သင်းတဲ့အထိ မွှေပါ။
(၂) ကန်စွန်းဥစိတ်လေးတွေ ထည့်ပြီး အချိန် ၁-၂ မိနစ်ခန့် ချက်ပါ။ ပြီးရင် ကျန်တဲ့ပါဝင်ပစ္စည်းတွေနဲ့ ရေထည့်ကာ ဆူပွက်တဲ့အထိ ထားပါ။
(၃) အပူလျှော့ပြီး ကန်စွန်းဥပျော့တဲ့ အထိ အုပ်ထားပါ။
(၄) အပေါ်ကနေ သင်နှစ်သက်ရာ အခွံမာစေ့ (ဥပမာ-သစ်ကြားသီး)ကို ဖြူးပြီး ထည့်စားပေးပါ။
(Ref;HD)

Most Popular

Healthy Life Ad
To Top