Healthy Life Ad
Health Tips

အအေးမိဝေဒနာနှင့် တုပ်ကွေးမဖြစ်အောင် ကိုယ်ခံအား ကောင်းစေရန် မှီဝဲသင့်သည်များ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

အအေးမိဗိုင်းရပ်စ်၊ တုပ်ကွေးဗိုင်းရပ်စ်တွေက ကိုယ်ခံအားကောင်းနေရင် တိုက်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းနေဖို့ ဘယ်လိုအာဟာရဓာတ်တွေကို မှီဝဲသင့်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ကာရိုတီးနွိုက်

မုန်လာဥနီ၊ ကိုက်လန်၊ မက်မွန်သီး၊ သရက်သီး၊ သင်္ဘောသီးတို့လို ကာရိုတီးနွိုက်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲရောက်ချိန်မှာ ဗီတာမင်အီးအဖြစ် ပြောင်းလဲပြီး ကိုယ်ခံအားစနစ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ တခြားအဆီများတဲ့ ငါး၊ အခွံမာအစေ့အဆန်၊ သီဟိုဠ်စေ့တို့လို အိုမီဂါ ၃ ဖက်တီးအက်စစ်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး ကိုယ်ခံစွမ်းအားစနစ် လုပ်ငန်းဆောင်တာကို အားကောင်းစေပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီပါတဲ့ အချဉ်ပါတဲ့အသီးတွေ၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကို စားပေးရင် အင်တီအောက် ဆီးဒင့်ရရှိစေပြီး ကိုယ်ခံအားစနစ် အားကောင်းစေပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးက သက်ကြီးပုဂ္ဂိုလ်တွေမှာ ကိုယ်ခံအားစနစ်ကို ကျန်း မာစေပါတယ်။ နေကြာစေ့၊ ဗာဒံစေ့တွေလိုအစာတွေထဲမှာ ဗီတာမင်အီး ပါဝင်ပါတယ်။

ဇင့်(သွပ်)ဓာတ်

ကိုယ်ခံအားဆဲလ်ထုတ်လုပ်ရာမှာ ဇင့်(သွပ်)ဓာတ်က အရေးပါပါတယ်။ ကမာကောင်၊ ပဲသီး၊ ပင်လယ်စာနဲ့ ကုလားပဲတွေမှာ ဇင့်ဓာတ်ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top