Health Tips
၀က်ဦးနှောက်၊ ဆိတ်ဦးနှောက်လို တိရစ္ဆာန်ဦးနှောက် စားသင့်သလား
ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက် စတဲ့ တိရစ္ဆာန်ဦးနှောက်တွေက ကျန်းမာရေးအတွက် မစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုလက်စထရောတွေ အလွန်အမင်းများလို့ ဖြစ်ပါတယ်။ ကိုလက်စထရောများတဲ့သူ၊ အဆီပိတ်တဲ့သူ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိတဲ့သူတွေမှာ လုံးဝမစားသင့်ပါဘူး။