———၊ လရိပ်မေ ၊——— တစ်နေ့မှာ အချိန်အနည်းငယ်လောက်ပေးပြီး ဘဝတက်လမ်း တိုးတက်မြင့်မားလာအောင် ကြိုးစားသင့်ပါတယ်။ • သင့်အလုပ်လျှောက်လွှာကို လတ်တလောအောင်မြင်မှုတွေ ထပ်ဖြည့်ပေးပါ။ သင့်အလုပ်မှာ တာဝန်ယူရတဲ့အပိုင်းတွေမှာ ပိုကျွမ်းကျင်မှုရှိအောင် ထပ်မံလေ့လာပေးပါ။ • သင်တက်နိုင်တဲ့ နောက်ထပ်သင်တန်းတွေကိုတက်ပြီး သင့်အရည်အချင်းကို မြှင့်တင်ပေးပါ။ •...
———၊ ကိုထက် ၊ ——— အကောင်းမြင်သူတွေဟာ အသက်ပိုရှည်နိုင်တယ်ဆိုတဲ့အချက်ကို လေ့လာသူတွေက ထပ်မံထောက်ပြခဲ့ကြပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ အကောင်းမြင်တတ်သူတွေ အသက် ၈၅ နှစ်ကျော်အထိ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နိုင်ခြေ ၇၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ ကျွန်းကျင်သူတွေက စိတ်ဖိစီးမှုကိစ္စတွေ ကြုံတွေ့ရတယ်၊...
———၊ ငွေကြယ်စင်ယံ ၊——— ခေါင်းကိုက်ခြင်း ငါး (ပရိုတင်းဓာတ်) – ငါးအဆီက ခေါင်းကိုက်ဝေဒနာမရအောင် ကာကွယ်ပေးနိုင်တဲ့အတွက် ငါးများများစားပါ။ ချင်း(ဂျင်း)မှာလည်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို လျော့ကျစေတဲ့အစွမ်းရှိပါတယ်။ ရာသီအပြောင်းအလဲကြောင့်ဖျားခြင်း ဒိန်ချဉ် – ရာသီအပြောင်းအလဲမဖြစ်ခင် ဒိန်ချဉ်များများသောက်ပါ။ လေဖြတ်ခြင်း လက်ဖက်ရည်...
———၊ လရိပ်မေ ၊——— စိတ်ထဲမှာ တင်းကျပ်နေတာတွေ များနေပါသလား . . . သက်ပြင်းကို အခါခါ ချမိနေပါသလား . . . ဒီလိုဖိစီးမှုများတာကြောင့် ပိုပြီး ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ အဲဒီလိုမဖြစ်ဘဲ တစ်မိနစ်တောင် မပြည့်သေးတဲ့အချိန်တိုအတွင်းမှာ စိတ်အပန်းပြေသွားစေဖို့...
———၊ ငွေကြယ်စင်ယံ ၊——— သင့်ကျန်းမာရေးအတွက် တစ်ညမှာ အိပ်ချိန် ခုနစ်-ရှစ်နာရီလောက် အိပ်စက်သင့်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးကို ပိုပြီးအာနိသင်ရအောင် ညစဉ် စောစောအိပ်ရာဝင်ပေးပါက ကိုယ်အလေးချိန်လျော့ကျစေတာ၊ နှလုံးကျန်းမာရေးကောင်းစေတာ၊ အလုပ်ထဲမှာ စွမ်းအားကောင်းစေတာနဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ (၁) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— ကျန်းမာရေးအခြေအနေအများစုက မျိုးရိုးဗီဇနဲ့ ဆက်နွှယ်မှုရှိပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ ့ ကင်ဆာသုတေသနလေ့လာသူတွေက မိန်းကလေးတစ်ဦးဟာ သူ့မိခင်ငယ်စဉ်က စတင်ရာသီလာတဲ့ရက်ရဲ့ သုံးလအတောအတွင်းမှာ သူလည်း(အဲဒီအသက်အရွယ်မှာ) ရာသီလာလေ့ရှိတယ်လို့ ဆိုပါတယ်။ မိန်းကလေးတွေအနေနဲ့ မိခင်ထံက မျိုးရိုးဗီဇလိုက်ပြီးဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— ဗီတာမင်စီက သင့်ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်စီချို ့တဲ့ရင် ဘဝအရည်အသွေးလျော့ကျစေပြီး တချို ့ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေကို သိသွားပြီဆိုရင် တစ်နေ့တာစားသောက်တဲ့ အစားအသောက်တွေထဲမှာ ဗီတာမင်စီအလုံအလောက် ထည့်စားပေးသင့်ပါတယ်။...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— အသက်ကြီးလာတဲ့အခါ လူတွေရဲ ့အသားအရေက ပြောင်းလဲလာပြီး အိုမင်းလာပါတယ်။ အရေပြားက အိုမင်းလာချိန်မှာ ပျော့ပျောင်းသန်စွမ်းမှုနည်းပြီး ဆွဲဆန့်နိုင်စွမ်းအားလည်း နည်းနေပါတယ်။ ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ အရေးကြောင်းတွေထင်တဲ့အပြင် တခြားအိုမင်းတဲ့ လက္ခဏာတွေလည်း ဖြစ်လာပါတယ်။ ဒီလို အရေပြားအိုမင်းစေတဲ့...
———၊ ငွေစင်ကြယ်ယံ ၊——— ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုသူတွေအနေနဲ့ ထင်မှတ်မထားတဲ့ ဝစေနိုင်တဲ့အချက်တွေကို သိထားသင့်ပါတယ်။ (၁) မစားခင် အညွှန်းကို ဖတ်မကြည့်ခြင်း အစားအသောက်တွေကို ပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန်ကျမသွားတဲ့သူတွေလည်း ရှိနေပါလိမ့်မယ်။ ဘာကွာခြားလို့လဲဆိုတာ...
———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊——— အသက်၂၁ နှစ်အောက်အရွယ် ဆယ်ကျော်သက်လူငယ်တွေမှာ အရက်သောက်မယ်ဆိုရင် အယ်လ်ကိုဟောကြောင့် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ကလေးအများစုဟာ အလယ်တန်းကျောင်းသားဘဝနဲ့ ခပ်စောစောပိုင်းအရွယ်မှာ အရက်ကို စတင်မြည်းစမ်းကြည့်လေ့ ရှိတတ်ပါတယ်။ ဒါက တကယ်တော့ အန္တရာယ်များလှပါတယ်။ အရက်မူးနေတဲ့ကလေးတွေဟာ ရာဇဝတ်မှုနဲ့...