သစ်ကြံပိုးခေါက်ကို စားပေးတာကြောင့် အောက်ပါကျန်းမာရေးအစွမ်းကို ရရှိစေပါတယ်။
(၁) သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။
(၂) သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။
(၃) ကူးစက်ပိုးတွေကို ဟန့်တားပေးတဲ့ သဘာဝဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
(၄) ကင်ဆာဆဲလ်ပွားများမှုကို လျော့ကျစေပါတယ်။
(၅) ဟင်းလျာတွေကို အရသာရှိစေတဲ့ သဘာဝအရာပါ။
(၆) အဆစ်ရောင်နာဝေဒနာကို လျော့ကျစေပါတယ်။
(၇) အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်တို့ ပါဝင်နေပါတယ်။
(၈) ရာသီလာစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သက်သာစေပါတယ်။
(၉) မျိုးအောင်နိုင်စွမ်းကို အားပေးပြီး ဟော်မုန်းဟန်ချက်ညီမျှစေပါတယ်။
(၁၀) အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဦးနှောက်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း စတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာအမျိုးမျိုး သက်သာစေပါတယ်။