Healthy Life Ad
Health Tips

အရေပြားပေါ်မှာ အမည်းကွက်ပေါ်လာခြင်း

မျက်နှာအသားအရေပေါ်မှာ တင်းတိပ်လို အမည်းကွက်တွေ ဖြစ်ပေါ်လာတဲ့အခါ လူအများစုက ပျောက်ကင်းသက်သာချင်ကြပါတယ်။ ပါးပြင်၊ နဖူးအလယ်၊ အပေါ်နှုတ်ခမ်းနဲ့ မျက်ခွံအပေါ်တွေမှာ အဖြစ်များပါတယ်။ အရေပြားအရောင် မည်းလာတာက ကိုယ်ဝန်ဆောင်ရတဲ့ အချိန်အတောအတွင်းမှာ အဖြစ်များပြီး ဟော်မုန်းပါတဲ့ သန္ဓေတားဆေး သောက်ရတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ နေလောင်ဒဏ်ကို ကြာရှည်ခံရတာနဲ့ မျိုးရိုးဗီဇကြောင့်လည်း အရေပြားမှာ အမည်းကွက်တွေ ဖြစ်ပေါ်တတ်ပါတယ်။

ကိုရီးယားသုတေသီတွေက လိင်ဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းတို့ဟာ အရေပြားဆဲလ်တွေကို တိုက်ရိုက်တွယ်ကပ်ပြီး အရေပြားရောင်ခြယ်ပစ္စည်း မယ်လာနင် အလွန်အမင်း ထွက်လာအောင် လှုံ့ဆော်ပေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း အမြင့်မားဆုံးဖြစ်နေတဲ့ အချိန်တွေမှာ အရေပြားကို နေရောင်ခြည်မထိအောင် သေချာကာကွယ်ထားဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥကြွေတဲ့အချိန်တစ်ဝိုက်(စတင်ရာသီလာပြီး ၁၂-၁၄ ရက်ပတ်လည်)မှာ သိသိသာသာ မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် အရေပြားပေါ်မှာ အမည်းကွက်တွေ မဖြစ်ပေါ်အောင် နေရောင်ကာခရင်မ်ကို မကြာခဏလိမ်းဖို့ မမေ့ပါနဲ့။ အချိန်သုံးနာရီ-လေးနာရီကြာတိုင်း ထပ်မံလိမ်းပေးပါ။ နေပူပြင်းချိန်မှာ တတ်နိုင်သမျှ အရိပ်ထဲမှာပဲနေပါ။

Most Popular

Healthy Life Ad
To Top