Healthy Life Ad
Q & A

သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတစ်ဦးက အုန်းရည်/အုန်းဆံနဲ့ တည့်သလား . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတစ်ဦးက အုန်းရည်/အုန်းဆံတို့ကို စားလို့ရပါသလား။ အုန်းရည်/အုန်းဆံစားတာက ကျန်းမာရေးအတွက် ကောင်းကျိုးပေးတယ်လို့ သိရပါတယ်။ ဘယ်လိုကောင်းကျိုးတွေ ရရှိစေတာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. အုန်းရည်မှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့ Electrolytes တွေ ကြွယ်ဝနေပါတယ်။ ဒါကြောင့် ဆီးချိုသမား၊ သွေးတိုးသမားတွေလည်း သောက်လို့ရပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးကတော့ ဒီသတ္တုဓာတ်တွေ ချို့တဲ့နေသူတွေအတွက် ကောင်းပါတယ်။ အဓိကအားဖြင့် ဝမ်းလျှောတဲ့သူတွေ၊ ချွေးထွက်များတဲ့သူတွေဆိုရင် ခန္ဓာကိုယ်ထဲက ဒီဓာတ်တွေ ဆုံးရှုံးတဲ့အတွက် အုန်းရည်သောက်ရင် ကောင်းပါတယ်။ ပုံမှန်ကျန်းမာပြီးသား လူအတွက်ကတော့ သိပ်ထူးခြားမှုမရှိပါဘူး။ အုန်းဆံကလည်း အချိုဓာတ်မများတဲ့အတွက် သွေးတိုးရှိသူ၊ ဆီးချိုရှိသူ စားလို့ရပါတယ်။ ဒါပေမဲ့ အုန်းနို့ဖြစ်သွားရင် ပြည့်ဝဆီပါဝင်တဲ့အတွက် သွေးတိုး၊ ဆီးချိုသမားတွေမှာ ဆင်ခြင်ဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top