Healthy Life Ad
Q & A

ဘာစားစား ဘာသောက်သောက် ခဏ ခဏ သီးနေလို့ပါ

Q. ခဏ ခဏ သီးတယ်။ ရေသောက်လည်းသီး၊ အစားစားလည်းသီး၊ တခါတလေ(ကန်တော့)ကိုယ့်တံတွေးနဲ့ကိုယ်တောင်သီးပါတယ်။ ဘာဖြစ်တာလည်းဗျ။ အဲ့ဒါဘာအားနည်းတာလဲ။
KN (FB)

A. အာရုံကြောအားနည်းပြီး လေဖြတ်ထားသူတွေ၊ သွေးတိုးရှိသူတွေ၊ အသက်ကြီးသူတွေဆိုရင် ခဏ ခဏ သီးရတဲ့ အခြေခံအကြောင်းရင်းကို စစ်ဆေးသင့်ပါတယ်။ အသက်ငယ်တယ်၊ တခြားဘာရောဂါမှလည်း မရှိဘူး၊ ကျန်တဲ့လက္ခဏာတွေလည်း မရှိဘူးဆိုရင်တော့ အစားအသောက်ကို စိတ်လောလောနဲ့ မျိုလိုက်တဲ့အခါမှာ အစာရေမျိုပြွန်မှာ မျိုချတဲ့ ကြွက်သားတွေက ညှစ်အားမမှန်ဘူး။ အဲဒီလို ညှစ်အားမမှန်တဲ့အခါ သီးတတ်တာမျိုး ရှိပါတယ်။ မကြာခဏ ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ စစ်ဆေးပြီး အခြေခံရောဂါတွေ ရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် လေဖြတ်တဲ့ရောဂါကို စစ်ဆေးသင့်ပါတယ်။ အဲဒါမရှိဘူးဆိုရင်တော့ စိတ်ကို အေးအေးထား၊ သတိထားပြီးမျိုတာ လုပ်သင့်ပါတယ်။ ခြုံပြောရမယ်ဆိုရင် အရေးကြီးတဲ့ အခြေခံရောဂါတစ်ခုခု ရှိနေနိုင်သလို ရောဂါမရှိဘဲနဲ့ ကြွက်သားညှစ်အား ညှစ်တာတွေ ပုံမမှန်လို့ သီးနိုင်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် ရောဂါတွေကို ရှာဖွေစစ်ဆေးပြီး သတိနဲ့ စားသောက်မျိုချဖို့ အကြံပြုချင်ပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

အဆုတ်ပွပန်းနာရောဂါ (COPD) ရှိသူ ကင်ဆာဖြစ်ချိန်မှာ ဘာစားသင့်ပါသလဲ . .
——————————————————————
Q. My grandpa is 91 years old. He is newly diagnosed with hepatocellular carcinoma. He also has COPD. Can u please tell me what kind of food can he eat?
P E E(FB)

A. အဆုတ်ပွပန်းနာရောဂါ (COPD) က ရင်ကျပ်နဲ့ နှီးနွှယ်ပြီး ဖြစ်တာဆိုရင် အဲဒီအစားအသောက်တွေ စားလိုက်လို့ ချောင်းဆိုးတာ၊ ရင်ကျပ်တာတို့ ဖြစ်တဲ့ အစာတွေကို သတိထားပြီး ရှောင်သင့်ပါတယ်။ အချို၊ ဆေးသကြား စတာတွေလို စားပြီး ချောင်းဆိုးနိုင်တဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ HCC ကင်ဆာအတွက်ကတော့ အဆီများတဲ့ အစာတွေကို ရှောင်ပြီး ကျန်းမာလိုသူတိုင်း စားသောက်သင့်တဲ့ အစားအသောက်တွေကို စားသောက်ပေးရပါမယ်။ အသီးအရွက်၊ အသီးအနှံတွေကို စားပြီး ဆီကြော်တွေ ရှောင်သင့်ပါတယ်။ ၉၁ နှစ်ဆိုတော့ သူစားချင်တာလေးတွေကို သင့်ရုံနည်းနည်းစီကျွေးရင်တော့ အာဟာရပိုဖြစ်မယ်လို့ ထင်ပါတယ်။ ဖြည့်စွက်အာဟာရတွေ ကျွေးရင်လည်း ရပါတယ်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Most Popular

Healthy Life Ad
To Top