Healthy Life Ad
Q & A

ကွမ်းစားသူတို့ သတိပြုရမယ့် ခံတွင်းကင်ဆာအကြိုအဆင့်

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကွမ်းစားတဲ့သူတွေအနေနဲ့ ခံတွင်းကင်ဆာ အကြိုအဆင့်လက္ခဏာတွေကို ဘယ်လိုသိနိုင်ပါသလဲ။
(သန်လျင်သဘာဝတရားရိပ်သာမှ မေးမြန်းသူတစ်ဦး)

A. ကွမ်းစားရင် ခံတွင်းကင်ဆာနဲ့ လျှာကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ ကွမ်းစားလို့ ခံတွင်းကင်ဆာဖြစ်တဲ့အခါ လျှာမှာအနာဖြစ်လာတယ်၊ မနာဘူး၊ ခံတွင်းထဲ အလုံးအကျိတ်ဖြစ်လာတတ်ပါတယ်။ ကွမ်းစားတဲ့သူတွေက ခံတွင်းကင်ဆာမဖြစ်ခင်မှာ အကြိုကာလလက္ခဏာတွေ ပေါ်တတ်ပါတယ်။ ပါးစပ်ဟပြီး ဘေးဘီနံရံတွေ ကြည့်လိုက်မယ်ဆိုရင် အဖြူဖပ်၊ အနီဖပ်တွေ တွေ့ရတဲ့အခါ ကင်ဆာအကြိုကာလလို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကွမ်းစားတာကို ရပ်လိုက်မယ်ဆိုရင် ခံတွင်းကင်ဆာအဆင့် မရောက်သေးပါဘူး။ ဒါကြောင့် ကွမ်းစားသူတွေက ပလုတ်ကျင်းပြီး မှန်ထဲမှာကြည့်ကြည့်ပါ၊ အဖြူဖပ်၊ အနီဖပ်တွေ့ရင် ကွမ်းကို ဆက်မစားနဲ့တော့၊ ဆက်စားရင် ခံတွင်းကင်ဆာ ဖြစ်သွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top