ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။
Q. ကျွန်မအသက် ၄၂ နှစ်ပါ။ ကလေးလိုချင်လို့ အကြံဉာဏ်လေးလိုချင်လို့ပါ။
နွယ်သာကီ နွယ်သာကီ(FB)
A. အိမ်ထောင်ကျတာ ဘယ်နှနှစ်ရှိပြီလဲ၊ အခုမှ ကလေးစယူမှာလား၊ အရင်ကမွေးဖူးလား ဒါတွေကို သိဖို့လိုပါတယ်။ အသက် ၄၂ ဆိုတာ သွေးဆုံးခါနီး အရွယ်ဖြစ်နေတဲ့အတွက် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့တော့ တိုင်ပင်သင့်ပါတယ်။ မွေးလမ်းကြောင်းဆိုင်ရာမှာ ရောဂါမရှိဘူး၊ ခန္ဓာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်တယ်ဆိုရင် ကလေးရနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးပြီး ကလေးယူဖို့အကြံပြုလိုပါတယ်။