Healthy Life Ad
Q & A

ဆီးချိုနှင့် အဖုအလုံးအကျိတ်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဆီးချိုရှိတဲ့ လူနာတစ်ယောက်က လေငန်းဖြစ်ထားပါတယ်။ ညာဘက်ဖြစ်တာပါ။ ညာဘက်တင်ပါးမှာ အဖုအလုံးအကျိတ်တစ်ခုပါ ဖြစ်လာပါတယ်။ ဘယ်ဟာကို ဘယ်လိုကုရမလဲ။ အကျိတ်က ဘယ်ညာရွေ့နေပြီး ကြက်ဥတစ်လုံးစာလောက် ရှိပါတယ်။
ကာရန် (FB)

A. ဆီးချိုနဲ့ လေဖြတ်တာက ဆက်စပ်မှုရှိပါတယ်။ ဆီးချိုရောဂါရယ်၊ သွေးတိုးရောဂါရယ်၊ လေဖြတ်တာရယ်မှာ သွေးကြောပိုင်းဆိုင်ရာ ကိစ္စတွေကို ဆေးတွေတစ်သက်လုံးသောက်ဖို့ လိုသွားလိမ့်မယ်။ လေဖြတ်ပြီးချိန်မှာ ဆေးတွေလည်း သောက်နေလိမ့်မယ်လို့ ထင်ပါတယ်။ ဆေးတွေကိုလည်း စွဲသောက်ဖို့လည်း လိုတဲ့အတွက် ဆက်သောက်ဖို့ အကြံပြုချင်ပါတယ်။

တင်ပါးမှာဖြစ်တဲ့ အဖုအလုံးအကျိတ်ကတော့ အခုလိုပြောရုံနဲ့ ဘာဖြစ်မှန်းမသိနိုင်ပါဘူး။ လေဖြတ်တာနဲ့ အဖုအလုံးအကျိတ်ဆက်စပ်မှုက နည်းပါတယ်။ သူ့ဘာသာ အရေပြားမှာ ထပ်ပြီးပေါ်လာတဲ့ ရောဂါလက္ခဏာအသစ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ စမ်းသပ်ကြည့်ရှုပြီးမှ ဘာဖြစ်သလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ အဖုအလုံးအကျိတ်က ရွေ့လည်းရွေ့တယ်၊ နာကျင်မှုလည်း မရှိဘူးဆိုရင်တော့ အဖြစ်အများဆုံးက အဆီကျိတ်တို့လို အန္တရာယ်မရှိတဲ့ အလုံးအဖုအကျိတ်လို့ ယူဆရပါတယ်။ ဒါ့ထက်ပိုပြီး တိတိကျကျပြောနိုင်ဖို့က စမ်းသပ်စစ်ဆေးကြည့်ရှုပြီးမှ ပြောနိုင်မှာဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းသိမှ ဘာဆက်လုပ်ရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့ ဆီးချိုရောဂါကို သေသေချာချာ ထိန်းချုပ်ကုသပြီး အစားအသောက် အနေအထိုင်ကို သေချာထိန်းသိမ်းပါလို့ အကြံပြုလိုပါတယ်။ အလုံးအကျိတ်ကိုတော့ နီးစပ်ရာဆရာဝန်နဲ့ပြပြီး တိုင်ပင်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top