Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးကြီးဆုံး ဖောလိတ်ဓာတ်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်မိခင်တွေမှာ အရေးအကြီးဆုံးကတော့ ဖောလိတ်ပါ။ စားတဲ့အစာတွေမှာ ဖောလိတ်ဓာတ်ပါဖို့ အရေးကြီးပါတယ်။ အစားအစာဆိုရင်တော့ ဖောလိတ်ဓာတ်ပေါ့။ ဆေးအနေနဲ့ သောက်မယ်ဆိုရင်တော့ ဖောလစ်အက်စစ်ပါ။

ဖောလိတ်ဓာတ် ပြည့်ပြည့်ဝ၀ရရှိရင် ရရှိမည့်အကျိုးကျေးဇူးများ

ဖောလိတ်ဆိုတာ့ ဗီတာမင်ဘီ အမျိုးအစားတစ်ခုပါပဲ။ ဖောလိတ်ဓာတ် ပြည့်ပြည့်ဝ၀ရရှိရင် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုရင် ကလေးရဲ့ ဦးနှောက်နဲ့ Spinal Cord တစ်လျှောက်မှာဖြစ်တဲ့ Neural Tube Defects ဆိုတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မွေးတဲ့အချိန်မှာ Spinal Column က အရှေ့ကိုကျွံသွားတာပါ။ တချို့ကလေးတွေက Spine မှာဖြစ်ပြီး တချို့ကတော့ လည်ကုပ်မှာဖြစ်ပါတယ်။ အဓိကကတော့ Spine တစ်လျှောက်မှာဖြစ်တာ ဖြစ်ပါတယ်။ အမျိုးအစားကတော့ အများကြီးပါပဲ။ ကလေးက မွေးမွေးချင်း ဒီရောဂါဖြစ်နေရင် နှစ်ရက်၊ သုံးရက်အတွင်းမှာပဲ ခွဲစိတ်ရပါမယ်။ အများအားဖြင့်တော့ အသက်ဆုံးရှုံးတာ များပါတယ်။ ဒီတော့ ဒီရောဂါမဖြစ်အောင် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖောလိတ်က ၆၀ဝ – ၈၀ဝ မီလီဂရမ်အထိ လိုအပ်ပါတယ်။

ဖောလိတ်ဓာတ် ရရှိစေမည့် အစားအစာများ

မနက်စာဆိုကွေကာ (Cereal)သောက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ တစ်ခွက်အပြည့်တောင် မလိုပါဘူး။ ပုံမှန်သောက်နေကျ ခွက်ရဲ့လေးပုံသုံးပုံလောက်ဆိုရင် ဖောလိတ်ဓာတ်က ၇၀ဝ မီလီဂရမ်ထိ ပါပါတယ်။ တစ်ရက်ကိုဖောလိတ်ဓာတ် ၆၀ဝ-၈၀ဝ မီလီ

“ဖာလိတ်ဆိုတာ့ ဗီတာမင်ဘီ အမျိုးအစားတစ်ခုပါပဲ။ ဖောလိတ်ဓာတ် ပြည့်ပြည့်ဝ၀ရရှိရင် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုရင် ကလေးရဲ့ဦးနှောက်နဲ့ Spinal Cord တစ်လျှောက်မှာဖြစ်တဲ့ Neural Tube Defects ဆိုတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ မွေးတဲ့အချိန်မှာ” . . .

ဂရမ်ကြား လိုတာဆိုတော့ ၇၀ဝ က အတော်ပါပဲ။ တစ်နေကုန်တောင် လုံလောက်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ရော၊ ဆောင်ပြီးတဲ့အချိန်ရော ဒီလိုစားသင့်ပါတယ်။

ဟင်းနုနယ်ဆိုရင်လည်း တရုတ်ပန်းကန်လုံးလေးနဲ့ ခွက်တစ်ဝက်လောက် စားမယ်ဆိုရင်လည်း ဖောလိတ်ဓာတ် ၁၁၅ မီလီဂရမ် ရနိုင်ပါတယ်။ ပဲအမျိုးမျိုးဆိုရင်လည်း ဖောလိတ်ဓာတ် ၉၀ မီလီဂရမ် ရပါတယ်။ ကညွတ်ကြိုက်တဲ့ သူတွေအတွက်လည်း တစ်ပန်းကန်းလုံးစာဟာ ၁၈၀ မီလီဂရမ် ရရှိစေပါတယ်။ လိမ္မော်သီးတစ်လုံး စားမယ်ဆိုရင်လည်း ၅၂ မီလီဂရမ် ရရှိပါတယ်။ ဒါကြောင့် ဆရာမတို့တွေက အသီးဆိုရင်လည်း တစ်ရက်ကို နှစ်လုံး၊ သုံးလုံး စားခိုင်းတာဖြစ်ပါတယ်။ တချို့က မြေပဲကြိုက်တယ်ဆိုလည်း မြေပဲစေ့ အစေ့ ၃၀ အလေးချိန် ၂၈ ဂရမ် စားပေးရင် ဖောလိတ်ပါဝင်မှုက ၄၁ မီလီဂရမ် ရရှိမှာဖြစ်ပါတယ်။ ဒီတော့ ဖောလစ်အက်စစ်များများပါဝင်တဲ့ အစားအစာတွေကို စားဖို့ပြောတာဖြစ်ပါတယ်။

ဖောလိတ်အပြင် နောက်ထပ်လိုအပ်သည့် အာဟာရဓာတ်

ဖောလိတ်ဓာတ်အပြင် နောက်ထပ်လိုအပ်တဲ့ ဓာတ်တွေထဲမှာ ကယ်လိုရီပမာဏဟာ သာမန်အချိန်မှာဆိုရင် ၂၂၀ဝ ယူနစ်လိုအပ်ပြီးတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုရင် ၂၅၀ဝ ယူနစ် လိုအပ်ပါတယ်။ နို့တိုက်တဲ့အချိန်မှာ ကယ်လိုရီ ၂၆၀ဝ ယူနစ် လိုပါတယ်။ အသားဓာတ်ဆိုရင်လည်း ပုံမှန်ဆို အမျိုးသမီးတစ်ယောက်ဟာ ၃၈ ဂရမ်လိုပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ၅၀ ဂရမ်နဲ့ နို့တိုက်တဲ့အချိန်ဆိုရင် ၆၀ ဂရမ် လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ပြီး နို့တိုက်တဲ့အချိန်ဆိုရင် အသားကို မနက်သုံးတုံး၊ ညသုံးတုံး စားခိုင်းပါတယ်။ ဒါမှ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ လိုအပ်တဲ့ အာဟာရပြည့်ဝမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ဖောလစ်အက်စစ်ဆိုလည်း သာမန်အချိန်မှာ ၄၀ဝ မီလီဂရမ်လိုပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဆို ၆၀ဝ မီလီဂရမ်၊ နို့တိုက်တဲ့အချိန်ဆို ၅၀ဝ မီလီဂရမ် လိုတာပါ။ သံဓာတ်ဆိုလည်း ပုံမှန်အချိန်မှာ ၁၈ မီလီဂရမ်ပဲလိုပေမယ့် ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာတော့ ၂၇ မီလီဂရမ်ထိ လိုပါတယ်။ ဒါပေမဲ့ ကလေးနို့တိုက်တဲ့အချိန်မှာ သိပ်မလိုတော့ပါဘူး၊ ၉ မီလီဂရမ်လောက်ရရင် လုံလောက်ပါတယ်။ ဒီတော့ ဘယ်လိုပဲနေနေ၊ သာမန်အချိန်ထက် ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုရင် အာဟာရဓာတ်အားလုံးဟာ အရမ်းကိုလိုလာပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ရှောင်ရှားသင့်သည့် အစာများ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်တာ အားလုံးစားလို့ရပါတယ်။ ဒါပေမဲ့ ရှောင်ရမယ့်ဟာတွေလည်း ရှိပါတယ်။ အဓိကက မာကျူရီပါတဲ့ ငါးတွေပါ။ ဘာလို့လဲဆိုတော့ မာကျူရီဟာ ကလေးတွေရဲ့ အာရုံကြောဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေလို့ ဖြစ်ပါတယ်။ ဘယ်လိုငါးတွေက မာကျူရီပါဝင်တာ များလဲဆိုတော့ ဓားရှည်နဲ့တူတဲ့ငါးတွေ၊ ငါးမန်းသား ဥပမာ- ငါးမန်းတောင်ဟင်းချို၊ ပင်လယ်ငါးကြီးတွေနဲ့ Tilefish တို့ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top