Healthy Life Ad
Health Tips

နားကြပ်ဖြင့် သီချင်းနားထောင်လျှင် သတိထားပါ

သေးငယ်တဲ့ နားကြပ်တွေကို တပ်ဆင်တာဟာ နားတွင်းပိုးဝင်တာကြောင့် နားကိုက်တဲ့ ဝေဒနာဖြစ်နိုင်ခြေ မြင့်တက်မှုနဲ့ ဆက်စပ်နေတယ်လို့ ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ အွန်လိုင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

လူငယ် ၅၀ ဦးကို လေ့လာမှုတစ်ရပ်အရ နားကြပ်ကို ပုံမှန်အသုံးပြုတဲ့သူတွေဟာ တစ်ခါတစ်ရံမှသာ သီချင်းနားထောင်သူတွေထက် ဘက်တီးရီးယားပိုးဝင်နိုင်ခြေ ထောင်ပေါင်းများစွာ ပိုများတယ်လို့ တွေ့ရှိရပါတယ်။ နားကြပ်တွေက ဘက်တီးရီးယားတွေ ရှင်သန်ချင်စရာ စိုစွတ်ပြီး ပူနွေးတဲ့ပတ်ဝန်းကျင်ရှိနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ တကယ်လို့ နားကြပ်တွေကို တစ်ဦးနဲ့တစ်ဦး မျှဝေသုံးစွဲမယ်ဆိုရင် ပိုဆိုးပါတယ်။ ဒါဟာ နားအကြားကိရိယာကို ရေရှည်သုံးတာကြောင့်လည်း ဒီလိုမျိုး နားတွင်းပိုးဝင်နိုင်ခြေကို မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top