Healthy Life Ad
News

ဆေးလိပ်ဆိုင်အနီးနေသော ဆယ်ကျော်သက်များ ဆေးလိပ်သောက်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများ

ZKO

ဆယ်ကျော်သက်တွေက ဆေးလိပ်ရောင်းတဲ့ ဆိုင်ကြီးတွေနဲ့အနီးမှာနေရင် ဆေးလိပ်စတင်သောက်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ တွေ့ရှိခဲ့ပါတယ်။ ဆေးလိပ်ရောင်းတဲ့ဆိုင်အနီးမှာနေတဲ့ ဆယ်ကျော်သက်တွေက အနီးအနားမှာ ဆေးလိပ်ဆိုင်မရှိသူတွေထက် ဆေးလိပ်သောက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနီးပါး ပိုများတယ်လို့ အီဒင်ဘာ့ဂ်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။

အီဒင်ဘာ့ဂ်လေ့လာသူတွေက ဆယ်ကျော်သက်ဆေးလိပ်သောက်ခြင်းနဲ့ အိမ်အနီး ဆေးလိပ်ဆိုင်အရေအတွက်ကြား ဆက်စပ်မှုကို လေ့လာခဲ့တာဖြစ်ပြီး ဆေးလိပ်ဆိုင်အနီးနေထိုင်သူ ဆယ်ကျော်သက်တွေက အနည်းဆုံးတစ်ကြိမ် ဆေးလိပ်စမ်းသောက်ကြည့်တဲ့ ရာခိုင်နှုန်းမှာ ၅၃ ရာခိုင်နှုန်း ပိုများတယ်လို့လည်း သိရပါတယ်။

ဒီလေ့လာမှုကိုအခြေခံပြီး ဆယ်ကျော်သက်တွေအကြား ဆေးလိပ်မသောက်ဖို့ စည်းမျဉ်းစည်းကမ်းတွေချမှတ်ရင် ဆေးလိပ်ရောင်းတဲ့ဆိုင်တွေကိုလည်း လျှော့ချဖို့လိုအပ်ကြောင်း လေ့လာသူတွေက ထောက်ပြထားပါတယ်။ ကျောင်းတွေအနီးမှာ ဆေးလိပ်ဆိုင်တွေ လျှော့ချရေးကိုလည်း ဦးစားပေးလိုက်နာဖို့ ဆေးရွက်ကြီးထိန်းချုပ်ရေးအဖွဲ့က မကြာခဏထောက်ပြခဲ့ကြပြီး ဖြစ်ပါတယ်။

Ref;zeenews

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top