Healthy Life Ad
Q & A

ဆီးချိုရှိသူ အနာရှိတဲ့ ခြေဆစ်ဖြတ်သင့်၊ မသင့်

Q. ကျွန်မရဲ့အစ်မက ဆီးချိုရောဂါရှိနေလို့ အင်ဆူလင်ထိုးနေရပါတယ်။ အခု သူရဲ့ခြေခလယ်မှာ ထိခိုက်မိတဲ့အနာလေးရှိနေပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ ခြေဆစ်က အားမရှိတော့ကြောင်း သိရပါတယ်။ ခြေဆစ်ကို ဖြတ်ပစ်လိုက်ရင် အနာပျောက်နိုင်ပါသလား။ ဆီးချိုရောဂါရှိသူမို့ ပိုဆိုးမှာ ကြောက်ပါတယ်။ မဖြတ်ဘဲထားရင် အနာက ဘာဖြစ်နိုင်ပါသလဲ။ ပိုဆိုးနိုင်သလား၊ ဖြတ်သင့်၊ မသင့် သိလိုပါတယ်။

Cathy (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. အနာကို အရင်ဆုံးကြည့်ရပါမယ်။ ခြေဆစ်ဖျားထိပ်က မည်းပြီး ခြောက်လာသလား၊ ပုပ်နေပြီလားဆိုတဲ့ Gangreneရဲ့ လက္ခဏာတွေကို ကြည့်လို့ မည်းပြီးခြောက်နေပြီ၊ ပုပ်နေပြီဆိုရင် ဖြတ်ပစ်ဖို့ လိုပါတယ်။ နောက်တစ်ချက်က အရိုးကိုထိသွားပြီလားဆိုတာ သိနိုင်ဖို့ ဓာတ်မှန်ရိုက်ကြည့်ရပါမယ်။ အရိုးထိခိုက်နေပြီဆိုရင် ဆေးပေးပြီး ကုသရပါမယ်။ မရရင် ဖြတ်ပစ်ရပါမယ်။

တကယ်လို့ ခြေဆစ်ထိပ်က မမည်းဘူး၊ မပုပ်ဘူး၊ မခြောက်ဘူးဆိုရင်၊ အရိုးကို ထိခိုက်မှုမရှိရင် ဖြတ်ပစ်စရာမလိုပါဘူး။ ဆရာဝန်နဲ့ ပြသလိုက်ပါ။ ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပေးတာနဲ့ တခြားလိုအပ်တဲ့ ကုသမှုတွေပေးပါလိမ့်မယ်။ အနာက မကောင်းတဲ့ အသားစလှီးထုတ်တဲ့ ကုသမှု(Wound Debride- ment)ကို လိုအပ်ရင် ပေးမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top