Healthy Life Ad
Q & A

မီးယပ်ချမ်းထတယ်ဆိုတာ . . .

Q. မီးယပ်ချမ်းထတယ်ဆိုတာ ဘယ်လိုလူတွေမှာ အဖြစ်များသလဲရှင့်။ အိမ်ထောင်သည်တွေမှာ အဖြစ်များတာလား။ အဲ့ဒါလေး သိချင်လို့ ဖြေပေးပါလား ဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. မီးယပ်ချမ်းထတယ်ဆိုတာ မီးယပ်သွေးဆုံးချိန်မှာ ပါဝင်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်သည်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ရာသီသွေးဆုံးတဲ့အခါ သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်း ထုတ်လုပ်မှုကျဆင်းသွားရာ ခန္ဓာကိုယ်တွင်းမှာ ပူခြင်း၊ အေးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း စတဲ့လက္ခဏာလေးတွေ ပေါ်လာတတ်တာကို မီးယပ်ချမ်းလို့ မြန်မာလူမျိုးတွေ သုံးစွဲလေ့ရှိပါတယ်။ မီးယပ်ချမ်းဆိုတာ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ဝေဒနာလက္ခဏာတစ်ခု ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top