Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူ ခွဲစိတ်ကုသရင် အနာမကျက်ဘူးဆိုတာ မှန်ပါသလား . . .

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး- ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခွဲစိတ်ကုသရင် အနာမကျက်ဘူးလို့ ပြောကြပါတယ်။ ဒါကကော မှန်ပါသလား ဆရာ။

ဖြေ- ဆီးချိုရှိရင် အနာမကျက်ဘူး၊ ဆီးချိုမရှိရင် ခွဲလို့မရဘူးဆိုတာလည်း အယူအဆမှားတစ်ခုပါ။ ဆီးချို ရောဂါရှိသူကို ခွဲစိတ်ဆရာဝန်ကြီးတွေက ခွဲမယ်ဆိုရင် ဆရာတို့က ဆီးချိုထိန်းချုပ်မှုကောင်းအောင် လုပ်ပေးပါတယ်။ ကျောက်ကပ်တွေ၊ နှလုံးတွေစစ်ပါတယ်။ သွေးအားကောင်း၊ မကောင်း စစ်ပါတယ်။ မ ကောင်းတဲ့တိုင်အောင် ထိန်းနိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုရင် ခွဲစိတ်လို့ရပါတယ်။ အနာလည်း ပုံမှန် ကျက်ပါတယ်။ ခွဲစိတ်အထူးကုဆရာဝန်နဲ့ သမားတော်နဲ့ ပူးပေါင်းပြီး ဆီးချိုကို စနစ်တကျ ထိန်းထားပြီး ခွဲ လို့ရပါတယ်။ သတ်မှတ်ချက်တစ်ခုကတော့ သောက်ဆေးသောက်နေတဲ့သူတွေ အကုန်လုံးကို အင်ဆူလင် ပြောင်းထိုးပေးပါတယ်။ အဲဒီလိုပြောင်းထိုးရတာ ကတော့ Stress ဒဏ်ကိုလည်း ပိုခံနိုင်အောင်လို့၊ ဆီးချို ကိုလည်း ပိုပြီးထိန်းနိုင်အောင်လို့ ပြောင်းထိုးပေးလိုက်တာပါ။ ခွဲစိတ်မှုပြီးသွားရင် သောက်ဆေးကို ပြန်ပြောင်း ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top