Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်မိခင် လေဆေးသောက်ရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲ . . .

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)ဖြေကြားသည်။

မေး- ကိုယ်ဝန်ဆောင်မိခင်က ဆေးမြီးတိုတွေ၊ အထူးသဖြင့် လေဆေးသောက်ရင် မွေးလာတဲ့ကလေးမှာ လေ မပါဘူးလို့ဆိုကြပါတယ်။ အဲဒီလို လေဆေးသောက်တာကြောင့် ကလေးမှာ တခြားထိခိုက်မှုကောဖြစ်စေနိုင်ပါ သလား ဆရာ။
ဖြေ- ဆေးတွေသောက်တာနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို သေချာပြောပြလိုပါတယ်။ ကိုယ်ဝန် ဆောင်မိခင်သောက်လိုက်တဲ့ ဆေးတွေက ကလေးဆီကို အကုန်ရောက်သွားပါတယ်။ အဲဒီလို ရောက်သွားတဲ့ အတွက် ကိုယ်ဝန်ဆောင်မိခင် သောက်မယ့်ဆေးက ကိုယ်ဝန်ဆောင်မိခင်လည်း တကယ့်ကို သောက်သင ့် တယ်၊ ကလေးအတွက်လည်း အန္တရာယ် မရှိဘူးဆိုတာ သေချာတဲ့ ဆေးမျိုးကို ရွေးချယ်ပြီးမှ ဘယ်လောက် ပမာဏသောက်ရမှာလဲဆိုတာ ဉာဏ် နဲ့ယှဉ်ပြီး သောက်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ကျွန်တော်တို့ ဆရာဝန်တွေက ဆေးတစ်မျိုးတိုက်တော့မယ်ဆိုရင် အထူးသဖြင့် ပထမဆုံးသုံးလက အရမ်းအရေးကြီးတာ။ ဒီကလေးလေး ကိုယ်လက်အင်္ဂါတွေ စတင ် တည်ဆောက်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင် သောက်လိုက်တဲ့ဆေးက မှားသွားရင် ကိုယ် လက်အင်္ဂါ ချို့ယွင်းတာ ဖြစ်သွားနိုင်ပါတယ်။ တချို့ ဆေးတွေကျတော့ ကလေးမှာ အသားဝါတာ၊ ကျောက်ကပ်ထိတာ၊ ထွက်လာတဲ့ သွားတွေမှာ အရောင်တွေပါလာတာ စသဖြင့် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိတတ်ပါတယ်။ ဒီတော့ တကယ်ကို သုတေသနတွေ လုပ်ထားပြီး ဒီဆေးတစ်မျိုးက မသောက်သင့်ဘူး၊ ကိုယ်ဝန်ဆောင်မိခင်အတွက ်အန္တရာယ်ရှိတယ်ဆိုရင် ရှောင်ရပါမယ်။ ဒီဆေး ကတော့ အန္တရာယ်လုံးဝမရှိဘူး ဆိုတာ သေချာတဲ့ ဆေးကိုမှ တိုက်ပါတယ်။
တစ်ခါတလေကျရင် ဒီဆေးထဲမှာ ဘာတွေပါမှန်းလည်း မသိဘူး၊ ဒီဆေးက အန္တရာယ်ရှိလား၊ မရှိဘူးလား ဆိုတာလည်းသေချာမသိဘူးဆိုတဲ့ ဆေးမျိုးဆိုရင်တော့ ဆရာတို့ကတိုက်လေ့မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဆေးသောက်လို့ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိဘူးလေ။ ပြောရရင် ဒီဆေးတစ်မျိုးက သောက်လိုက်ရင် မိခင်မှာ ဘယ်လောက်အထိ အကျိုးရှိမယ်၊ ဘယ်လိုအန္တရာယ်ရှိမယ်ဆိုတာ ချိန်ဆပြီး အကျိုးရှိတဲ့ ဆေးကိုသာ ကိုယ်ဝန်ဆောင်မိခင် ကို တိုက်ရတာ ဖြစ်ပါတယ်။
အရပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက်လက်ဆင့်ကမ်းပြီး တိုက်နေတဲ့ ဆေးတွေရှိတယ်။ အဲဒီဆေးကို လေနိုင် ဆေး လို့ ပြောကြတယ်။ အဲဒီဆေးသောက်ရင် ကလေးမှာ လေမပါဘူးလို့ ပြောကြပါတယ်။ မေးစရာ မေးခွန်း တွေ ရှိတယ်၊ အဲဒီလေနိုင်ဆေးက ဘာတွေနဲ့ ဖော်စပ်ထားတာလဲ၊ ဘယ်လိုတွေ သုတေသန လုပ်ထားတာလဲ၊ ဒီဆေးတေ ွသောက်လိုက်ရင် ဘာတွေအကျိုးရှိပြီး ကလေးကို ဘယ်လိုအန္တရာယ်တွေ ဖြစ်နိုင်မလဲဆိုတာ ဘယ်သူမှ သေချာမသိဘူး။ အဲဒီလို မသိတဲ့ ဆေးတစ်မျိုးကို ကိုယ်ဝန်ဆောင်မိခင် သောက်ပါလို့ သွားပြောဖို့ ဆိုတာ တော်တော် အန္တရာယ်များပါတယ်။
နောက်ပြီးတော့ ကလေးမှာလေပါတယ်၊ လေမပါဘူးဆိုတာ မွေးကတည်းက ပါလာတာ မရှိပါဘူး။ ကလေးက မွေးလာတာ ဒီအတိုင်းပဲ၊ ကလေးက နို့ကိုစို့တဲ့အခါ လေတွေပါလာတာ၊ လေတွေစို့မိလို့ နို့တိုက်ပြီးတိုင်း ကလေးကို လေထုတ်ပေးရတာပါ။ ဒီဆေးကို တိုက်ထားလိုက်ရင် ကလေးက လေမပါ ဘူးဆိုတာ တကယ့်ကို သေချာစဉ်းစားကြည့်ရင် တော်တော်သံသယဖြစ်စရာပါပဲ။ လေဆိုတာ နဂိုကတည်းက ပါလာတာမှမဟုတ်ဘဲ။ ကလေးဆရာဝန် တွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ကလေးဆေးရုံတွေမှာ အဲဒီလိုဆေးတွေ သောက်ထားတဲ့ မိခင်က မွေးတဲ့ ကလေးတွေကပိုပြီး အသားဝါတတ်တယ်လို့ သိထားတယ်။ ဒါပေမဲ့ ဒါက ဒီဆေးက ို ဘယ်လောက် သောက်လို့ ဘယ်နှယောက်ဝါသွားတယ်ဆိုတဲ့ တိတိကျကျ သုတေသနမရှိသေးပါဘူး။ ဒီတော့ ဒါသောက် လိုက်ရင် ဒါဖြစ်မယ်ဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ အဲဒီလို မသေချာတဲ့ ဆေးမျိုးကို ဆရာတို့က ပေးလေ့ မရှိပါဘူး။ ခြုံပြီး ပြောရမယ်ဆိုရင် လေနိုင်ဆေးတင်မကပါဘူး၊ ဘယ်ဆေးမဆို ကိုယ်ဝန်ဆောင်ချိန်မှာ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါရင် မသောက်သင့်ပါဘူး။ ကိုယ့်အချင်းချင်း ဘာမှန်း ညာမှန်းမသိတဲ့ ဆေးတွေကို လက်ဆင့်ကမ်းပြီး သောက်တာ အရမ်းအန္တရာယ် ကြီးမားတယ်လို့ ပြောကြားလိုပါတယ်။
_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top