မေး. ညီမမှာ Hyperthyriodism လည်ပင်းကြီးရောဂါဖြစ်နေပါတယ်။ ညီမက အိမ်ထောင်လည်း ရှိပါတယ်။ အသက်၂၅နှစ်ပါ။ ကလေးတော့မရှိပါဘူး။ သိချင်တာက လည်ပင်းကြီးရောဂါက ဟော်မုန်းမညီမျှတဲ့ ရောဂါဖြစ်တဲ့အတွက် သန္ဓေတားဆေးတွေ စားလို့အဆင်ပြေသလား။ အကယ်၍မပြေရင် ဘယ်လိုတားနည်းက အဆင်ပြေမလဲရှင့်။ Cazole သောက်နေပါတယ်။
ThelHayMan Maung(FB)
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
ဖြေ. Cazole ကတော့ လည်ပင်းကနေထုတ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို တားဆီးပေးပါတယ်။ အဲဒီဆေးကို အနည်းဆုံး တစ်နှစ်လောက် သောက်သုံးရလေ့ရှိပါတယ်။ ကြားထဲမှာ ဒီဆေးသောက်သုံးနေတဲ့ ကြားကာလမှာ ကိုယ်ဝန်ဆောင်ဖြစ်သွားရင် တခြားဆေးတစ်မျိုး ပြောင်းပေးသင့်တယ်ဆိုတဲ့ အဆိုပြုချက်တွေ ရှိပါတယ်။ Cazole သောက်နေတဲ့အတွက် ကိုယ်ဝန်တားဆေး ဒါမှမဟုတ် ထိုးဆေးနဲ့ မတည့်ဘူးဆိုတာတော့ မတွေ့ဖူးပါဘူး။ လည်ပင်းကြီးရောဂါရှိပြီး Cazole သောက်နေတဲ့အတွက် ကလေးယူမယ်ဆိုရင်တော့ ဆေးကို ပြောင်းပေးဖို့လိုပါတယ်။ ဒါကြောင့် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)