Healthy Life Ad
Q & A

ဆေးထိုး၊ ဆေးသောက် မပျောက်တဲ့ ခါးနာဝေဒနာ …

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး. မင်္ဂလာပါဆရာရှင့်။ သမီးရဲ့အမျိုးသား မကြာခဏ ခါးတွေအရမ်းကိုက်ခဲနာကျင်တဲ့ဝေဒနာ ခံစား နေရပါတယ်၊ ဆရာ အဲဒါဆေးသောက်လည်း ခဏပဲ သက်သာပြီး ဆေးထိုးရင်တော့ ပျောက်သွားသလို ခံစားရပါတယ်ဆရာ။ အဲဒါ ဘာကြောင့် ဖြစ်ရတာလဲ ရှင့်။ ဘာဆေးသောက်သင့်ပါသလဲ ဆရာ။

Snowlay(Fb)

ဖြေ. ရောဂါလက္ခဏာတစ်ခုပေါ်လာရင် ဆရာဝန်တွေ က ဒီရောဂါလက္ခဏာက ဘာကြောင့် ဖြစ်တာလဲ၊ အတွင်းခံရောဂါတစ်ခုခုနဲ့ ပတ်သက်လား၊ ဘယ်လို ရောဂါကြောင့် ဖြစ်တာလဲဆိုပြီး ဖြစ်တဲ့ ရောဂါကို သေချာစမ်းသပ်စစ်ဆေးရှာဖွေပေးရပါတယ်။ အခု သောက်နေတဲ့ အကိုက်အခဲပျောက်ဆေးတွေက နာကျင်မှုကို သက်သာစေတဲ့ အဆင့်ပဲရှိပါတယ်၊ ရောဂါကိုမပျောက်စေပါဘူး၊ ဒါကြောင့် ဆေးသောက် တဲ့အချိန်ပဲ ခဏသက်သာပြီး ပြန်နာကျင်ကိုက်ခဲတဲ့ ဝေဒနာဖြစ်နေတာပါ။ ခါးနာကျင်ကိုက်ခဲရတဲ့ အကြောင်းရင်းကို သေချာမရှာထားလို့၊ ဇစ်မြစ်ကို မကုထားလို့ ပြန်ဖြစ်နေတာပါ။ ခါးကိုက်တယ်ဆို တာမှာအလယ်မှာ ကိုက်တာလား၊ ဘေးဘယ်ညာ ကိုက်တာလား စသဖြင့် သေချာရှာဖွေစစ်ဆေးပြီး ရောဂါကို ကုသမှုခံယူမှ အပြီးသက်သာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာလို့ ခါးကိုက်ရသလဲဆိုတာ ရှာဖွေဖော်ထုတ်ပြီး ကုသဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top