Healthy Life Ad
Q & A

ခါးနာတတ်သူ အနှိပ်ခံသင့်သလား . . .

မေး. ကျွန်မ ခါးနာတတ်ပါတယ်။ ခါးနာတတ်တော့ အနှိပ်ခံလိုက်ရင် ခါးနာတာကို ပိုဆိုးစေနိုင်ပါသလား ဆရာ။ ခါးမှာဒဏ်ရာရထားတဲ့သူတွေ အနေနဲ့ အလေးအပင်မရင်ကော ဘယ်လိုသတိထားရမလဲ ဆရာ။
ရွှေရည် (FB)

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ခါးက ဘယ်လောက်ဆိုးဆိုးရွားရွား ကျိုးသလဲပေါ်မှာမူတည်ပါတယ်။ ခါးကျိုးသွားလို့ခါးပုံပန်းသဏ္ဍာန်က ပျက်ယွင်းမှု (Deformity) ဖြစ်ရင် ခါးက ပိုနာတတ်ပါတယ်။ အကြာကြီးထိုင်တာ၊ အလေးအပင်မတာ၊ ကုန်းကုန်းကွကွလုပ်တာတွေက ခါးကို ပိုနာစေပါတယ်။ အနှိပ်ခံတဲ့အခါ ခါးကို အထူးဂရုစိုက်ပါ။ ပုံမှန် ရိုးရိုးတန်းတန်းနှိပ်တာက ကိစ္စမရှိပေမယ့် ခါးကို မလှည့်ဖို့၊ ခါးကိုမလိမ်ဖို့၊ ခါးကို မချိုးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ခါးနာတတ်တဲ့သူတွေက သတိထားပြီးရှောင်ပါ။ အလေးအပင်မ,ရင်လည်း ဂရုစိုက်ပါ။

(၁) ကိုယ်သယ်မ,မယ့်အလေးက ကိုယ်နိုင်လား၊ မနိုင်ဘူးလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။ မနိုင်ရင် မ,မပါနဲ့။ အကူအညီခေါ်ပြီး မ,ခိုင်းပါ။

(၂) အလေးမ,ရင် ဘယ်နေရာထားရမလဲဆိုတာကို အရင်စဉ်းစားထားပါ။ ပစ္စည်းကို သယ်ထားပြီး ဘယ်နေရာထားရမယ်မှန်း မသိရင် ပိုဆိုးတတ်ပါတယ်။

(၃) မ,မယ့် ပစ္စည်းက ကိုယ်နိုင်တယ်ဆိုရင် ခါးကို ဆန့်ထားပြီး ဒူးနဲ့ပေါင်ကို ကွေးချရင်း ပစ္စည်းနဲ့ တတ်နိုင်သမျှ ကပ်ထားလိုက်ပါ။ ပြီးရင် တံတောင်ဆစ်ကို ဆန့်ထားပြီး မ,ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top