Healthy Life Ad
Women

အသားအရေကို ကြည်စင်ဝင်းပစေမည့်ကိုရီးယားအသားအရေထိန်းနည်း အဆင့် ၁၀

တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဆိုးလ်မှာ အမျိုးသမီး ၅ယောက်လျှင် တစ်ယောက်က ပလတ်စတစ်ဆာဂျရီ လုပ်ဖူးတယ်လို့သိရပါတယ်။ ကိုရီးယားအမျိုးသမီးတွေက လှပပြီး ဘဝနေထိုင်မှု အဆင့်အတန်းမြင့်မားဖို့ အထူးအလေးထားကြပါတယ်။ ဒါ့အပြင် အိုမင်းမှု လျော့ကျအောင်နဲ့ အသားအရေတင်းရင်း ကြည်လင်လှပအောင်လည်း အသားအရေထိန်းနည်းအဆင့်ဆင့်ကို ပုံမှန်လုပ်ဆောင်တတ်ကြပါတယ်။


အဆင့် (၁) အဆီသန့်စင်ဆေး(Oil Cleanser)
အိပ်ရာမဝင်ခင် မိတ်ကပ်သန့်စင်တာက အလှပအခြေခံစည်းမျဉ်းတစ်ခုပါ။ အိပ်စက်ချိန်အတွင်း အသားအရေက လေဝင်လေထွက် ကောင်းပြီး ကောင်းကောင်းအနားရဖို့ လိုပါတယ်။ အဲဒီလိုဖြစ်စေဖို့ မျက်နှာမှာ ကပ်ညိနေတဲ့ မိတ်ကပ်၊ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ဖယ်ရှားပေးရပါမယ်။ အဆီသန့်စင်ဆေးကတော့ မိတ်ကပ်တွေကို လုံးဝကင်းစင်စေပါတယ်။ သန့်စင်ဆေးကို မျက်နှာပေါ်တင်ပြီး နှိပ်ပေးပါ။ ပြီးရင် ခပ်နွေးနွေးရေနဲ့ ဆေးချလိုက်ပါ။

ဆင့် (၂) ရေအခြေခံ သန့်စင်ဆေး
ညဘက်မှာဆိုရင် အဆီသန့်စင်ဆေးနဲ့သန့်စင်ပြီးတိုင်း ရေအခြေခံသန့်စင်ဆေးနဲ့ တစ်ဖန်သန့်စင်ပေးပါ။ ဒီနည်းက မျက်နှာမှာရှိတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကိုပါ လုံးဝကင်းစင်သွားစေနိုင်ပါတယ်။

အဆင့်(၃) ကြေးချွတ်ပေါင်းတင်ဆေး(Exfoliator)
အသားအရေအမျိုးအစားပေါ်မူတည်ပြီး အမျိုးအစား ရွေးသုံးရပါမယ်။ အများအားဖြင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် သုံးသင့်ပါတယ်။ နထ်သူငအေသမ သုံးတဲ့အခါ အရေပြား ဆဲလ်သေတွေ ကင်းစင်စေပြီး ကျန်းမာကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

အဆင့် (၄) ချွေးပေါက်ကျဉ်းဆေးရည် (Toner)
ချွေးပေါက်ကျဉ်းဆေးရည်လိမ်းတာက အလှအပအတွက် အခြေခံကျတဲ့အဆင့်ပါ။ တိုနာလိမ်းတဲ့အခါ မျက်နှာထဲကို အစိုဓာတ်တချို့ စိမ့်ဝင်သွားပြီး အရေပြား စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။ ဂွမ်းစလေးနဲ့တို့ပြီး တိုနာလိမ်းပေးပါ။

အဆင့် (၅) Essence
Essence က တိုနာနဲ့ ဆီရမ်ပေါင်းစပ်ထားပြီး အသားအရေကို ပိုဝင်းပစေတဲ့ ရေဓာတ်ဖြည့်ခရင်မ် ဖြစ်ပါတယ်။ ဆဲလ်သစ်တွေကို အားဖြည့်ပေးပါတယ်။ တိုနာလိမ်းပြီးချိန်မှာ Essence လိမ်းပေးပါ။ သန့်ရှင်းကြည်လင်မှု ခံစားရစေပါတယ်။

အဆင့် (၆) ကုသမှု
ဒီအဆင့်ကတော့ တစ်နေ့တာမှာ စိတ်ဖိစီးမှု၊ ညစ်ညမ်းတဲ့ ပတ်ဝန်း ကျင်တွေကြောင့် ထိခိုက်နေတဲ့ အသားအရေကို ကုသတဲ့ အဆင့်ပါ။ အသားအရေ ညစ်နွမ်းတာ၊ အရေးကြောင်းပါးပါးထင်တာ၊ ဝက်ခြံပေါက်တာ၊ မှဲ့ခြောက်ပေါက်တာတွေအတွက် ကုသတဲ့အဆင့် ဖြစ်ပါတယ်။

အဆင့် (၇) ပေါင်းတင်ကပ်ခွာ(Sheet Masks)
ပေါင်းတင်ကပ်ခွာက အသားအရေထိန်းသိမ်းမှုမှာ အလွန်အရေးပါတဲ့အရာပါ။ ညဘက်မှာ အနားယူရင်း ၁၅-၂၀ မိနစ်လောက် ပေါင်းတင်ကပ်ခွာကပ်ထားပေးပါ။

အဆင့် (၈) အိုင်းခရင်မ်
အိုင်းခရင်မ်လိမ်းပေးတာကြောင့် နူးညံ့တဲ့မျက်ဝန်းအရေပြားတစ်ဝိုက်ကို ရေဓာတ်ပြည့်ဝစေပါတယ်။ မျက်ဝန်းအောက် အရေပြားက အလွန်ပါးလျပြီး ကျိုးပြတ်လွယ်တာကြောင့် ခပ်ကြမ်းကြမ်း မပွတ်သပ်ပါနဲ့။

အဆင့် (၉) အစိုဓာတ်ထိန်းခရင်မ်
အစိုဓာတ်ထိန်းခရင်မ်ကို အလုံအလောက်လိမ်းပါ။ အသားအရေ ကျန်းမာစိုပြည်စေပါတယ်။ အစိုဓာတ်ထိန်းခရင်မ်မှာ အမျိုးအစားအမျိုးမျိုးရှိပါတယ်။ လိုးရှင်း၊ ဂျဲလ်၊ ခရင်မ်၊ အီမားရှင်း စတဲ့ပုံစံအမျိုးမျိုးအနက် အသင့်တော်ဆုံး အစိုဓာတ်ထိန်းခရင်မ်ကိုရွေးပါ။ ညဘက်မှာလည်း လိမ်းပေးသင့်ပါတယ်။

အဆင့် (၁၀) နေကာခရင်မ်
နေကာခရင်မ်ကို ဘယ်ရာသီမဆိုအပြင်ထွက်ခါနီး နာရီဝက်အလိုမှာလိမ်းပေးသင့်ပါတယ်။ နေကာခရင်မ်မလိမ်းဘဲ အပြင်သွားရင်အရေးကြောင်းထင်တာ၊ အမည်းစက်ပေါ်တာနဲ့ တင်းတိပ်ထွက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေကာခရင်မ်ကိုမဖြစ်မနေလိမ်းပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top